ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးက မိမိ လုပ်ကြံခံရသည်ရှိသော် သမ္မတဖာဒီနန် မားကို့စ်ဂျူနီယာကို ပြန်လည်လုပ်ကြံရန် လူငှားထားကြောင်း အတည်အခန့်ပြောဆိုခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံရေးဩဇာအကြီးဆုံး မိသားစု နှစ်စုကြား စိတ်ဝမ်းကွဲမှုများမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ သမ္မတ ဆာရာဒူတာတေးက ၄င်းလုပ်ကြံခံရပါက သမ္မတ မားကို့စ်တို့ဇနီးမောင်နှံ နှင့် ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌ တို့ကို ပြန်လည်လုပ်ကြံရန် ခိုင်းစေထားကြောင်း ပြောကြားသွားခဲ့သည်။
“ကျွန်မ လူတစ်ယောက်ကို ခိုင်းထားတာပါ။ တကယ်လို့ ကျွန်မအသတ်ခံရရင် သမ္မတမားကို့စ်နဲ့ သမ္မတကတော် လီဇာမားကို့စ် ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မာတင် ရိုမူအယ်ဒတ်တို့ကို သွားသတ်ပါလို့ ခိုင်းထားတယ်။ နောက်တာမဟုတ်ဘူး ” လို့ ဆာရာဒူတာတေးက လူသိရှင်ကြား ခြိမ်းခြောက်စကား ဆိုခဲ့ပါတယ်။
၄င်း၏ မှတ်ချက်ထွက်လာပြီးတဲ့နောက် ဖိလစ်ပိုင် သမ္မတရုံး သတင်းထုတ်ပြန်ရေးမှ ဒုသမ္မတ၏ ခြိမ်းခြောက်မှုအပေါ် သင့်တော်တဲ့ဆောင်ရွက်များ အမြန်ဆုံး ဆောင်ရွက် လှုပ်ရှားရန် သမ္မတလုံခြုံရေးအဖွဲ့ကို တာဝန်ပေးအပ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါသည်။ သမ္မတ၏ အသက်လုံခြုံရေးကို ခြိမ်းခြောက်မှုများကို အလေးအနက်ထားရပါမယ်။ လူပုံအလယ်ပြတ်ပြတ်သားသား အသိပေးခြိမ်းခြောက်ထားတဲ့ကိစ္စဖြစ်လို့ ပိုအလေးအနက်ထားရမယ်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“သမ္မတဖြစ်အောင် ဘယ်လိုနေရမယ်ဆိုတာမသိတဲ့ လူလိမ်က ဦးဆောင်နေမှတော့ ဒီနိုင်ငံဟာ ဒုက္ခတွင်းထဲသွားတော့မှာ” လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဆာရာဒူတာတေးက နှိပ်ကွပ်ပြောခဲ့ပါသည်။
ရိုဒရီဂိုဒူတာတေးရဲ့သမီး ဆာရာဒူတာတေးဟာ မားကို့စ်အစိုးရအဖွဲ့ကနေ ဇွန်မှာနုတ်ထွက်လိုက်ပြီး ဒုသမ္မတ တာဝန်ကိုတော့ ဆက်လက်ယူထားပါတယ်။ ဒါဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ ဆာရာနဲ့ မားကို့စ်တို့ အနိုင်ရစေခဲ့တဲ့ နိုင်ငံရေးပူးပေါင်းမှု ပျက်ပြားသွားပြီဆိုတာကို ပြသလိုက်ခြင်း ဖြစ်သည်။
ဒူတာတေးနဲ့မားကို့စ်တို့ မိသားစုများသည် နိုင်ငံခြားရေးပေါ်လစီ ၊ သမ္မတဟောင်းရိုဒရီဂိုဒူတာတေးလက်ထက် ပြင်းထန်တဲ့မူးယစ်ဆေးတိုက်ဖျက်ရေးအစီအမံတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလာကြတာဖြစ်သည်။
မားကို့စ်နဲ့ဆွေမျိုးတော်တဲ့ အောက်လွှတ်တော်ဥက္ကဌ ရိုမူအယ်ဒတ်ကိုမကျေနပ်တဲ့အကြောင်းကတော့ ဒုသမ္မတရုံးရဲ့ဘတ်ဂျက်အသုံးစရိတ်ကို သုံးပုံနှစ်ပုံနီးပါး လျှော့ပစ်ထားလို့ဖြစ်ပါတယ်။
ဖိလစ်ပိုင် တွင် ဒုသမ္မတ များသည် သမ္မတမှ သီးခြားရွေးချယ်တင်မြှောက်သူဖြစ်ပြီး တရားဝင် အလုပ်တာဝန် မရှိကြောင်း နှင့် ဒုသမ္မတအများစုသည် လူမှုဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို လုပ်ဆောင်ကြပြီး အချို့မှာ အစိုးရအဖွဲ့မှာ ခန့်အပ်ခံရပါတယ်။ ၂၀၂၅ ခုနှစ် ၊ မေတွင် သက်တမ်းဝက်ရွေးကောက်ပွဲတွေ ကျင်းပမည် ဖြစ်သည်။
Ref: Malay Mail
+++++
ဒူတာတေးက ၄င်းလုပ်ကြံခံရသည်ရှိသော် သမ္မတဖာဒီနန် မားကို့စ်ဂျူနီယာကို ပြန်လည်လုပ်ကြံရန် လူငှားထားကြောင်း ပြောကြား
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
