မြိတ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက်ပိုင်းက ဆန္ဒပြသူများနှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သော မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးကို တာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများမှာ မြို့လှည့်ဆန္ဒပြပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှေ့တွင် စုရုံးစဉ် ရဲတပ်သားတစ်ဦးက ဆန္ဒပြည်သူများအား ရေသန့်ဘူးဝေခြင်း၊ မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ မိန်းခွန်းပြောနေတုန်း အဲဒီရဲတပ်သားက ပြည်သူတွေကြားထဲကို လာတယ်။ ရေသန့်ဘူး ဝေတယ်။ သူ့ရဲ့ လစာငွေနဲ့ ပြည်သူတွေကို ရေသန့်ဘူးဝေတယ်လို့ ပြောတယ်။ နောက်ပြီး မိန့်ခွန်းနည်းနည်း ပြောသွားတယ်။ အဲဒီအချိန်မှာ အရပ်ဝတ်တွေနဲ့ ရဲတွေက သူ့ကိုလာရောက် ဖမ်းဆီးသွားပါတယ်’’ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ရဲတပ်သားအား ပြည်သူများက ဝမ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြု အော်ဟစ်ခဲ့ကြောင်း သိရသည်။
“ရဲတပ်သား တစ်ဦးပါ၊ ထွန်းအောင်လင်းလို့ ခေါ်ပါတယ်၊ သူက ပြည်သူတွေနှင့်အတူ ပူးပေါင်းပါဝင်ချင်လို့ ဒီလိုလုပ်ပါတယ်လို့ ပြောပါတယ်။ လောလောဆယ် ကျွန်တော်တို့ စစ်ဆေးနေတုန်းပါ။ မြိတ်မြို့မှာ တာဝန်ကျနေတာ သုံးနှစ်လောက်ရှိပါပြီ။ ဘယ်လိုအရေးယူမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး”ဟု မြိတ်မြို့မရဲစခန်းမှူး ရဲမှူးချိုလွင်က ပြောကြားသည်။
မြိတ်မြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ တတိယမြောက်နေ့တွင် ဝန်ထမ်းများ ပါဝင်လာပြီး ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကျောင်းများမှ ဆရာ/မများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁၅ ဦးကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် နုတ်ထွက်သွားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
