Top News

မန္တလေးမြို့ ၃၈ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ဖြိုခွဲ
24htopnews | November 25, 2024 10:12 PM CST

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  ၃၈ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) ၂ နာရီခွဲခန့်က သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က စတင်ပြီး ၃၈ လမ်းပေါ်တွင် ၇၃ လမ်း၊ ၇၄ လမ်း၊ ၇၅ လမ်း၊ ၇၈ လမ်း‌ထောင့်တို့၌ လည်းကောင်း၊ ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်တို့တွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့မှ လူစုခွဲရန် သတိပေး ပြောကြားပြီးနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တစ်ကြိမ် သေနတ်ပစ်ဖောက်ခြင်း၊ ရေဖြန်းခြင်း၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ကာ လူစုခွဲမှု ပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် အဆိုပါနေရာ၌ ဆန္ဒပြသူများ မရှိတော့ဘဲ လူစုကွဲသွားကာ ရွေ့လျားပုံစံဖြင့် အခြားနေရာသို့ လှည့်လည် ဆန္ဒပြနေကြောင်း သိရသည်။


READ NEXT
Cancel OK