မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်သဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ ၈၁ ဦးအား ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသူများအား ပုသိမ်ကြီးမြို့နယ်တွင်းရှိ တပ်စခန်း တစ်ခုတွင် ထားရှိခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ကြီးမြို့မရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကာ ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်က ၃၈ လမ်းမှာ ဖမ်းခံခဲ့ရတာ။ ဖမ်းတုန်းကတော့ နံပတ်တုတ်နဲ့ ရိုက်ခံခဲ့ရတယ်။ ဖမ်းပြီးပြီးချင်း တပ် ၁၁၉ ထဲခေါ်သွားတယ်။ ဘာမှလုပ်တာ မရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။ ခုမနက် ပုသိမ်ကြီးရဲစခန်းထဲခေါ်ပြီး ၁၄၄ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သိမသိရယ်၊ နောက်မလုပ်ဖို့ရယ် ခံဝန်ထိုးခဲ့ပြီး ပြန်လွှတ်လိုက်တာပါ” ဟု လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ကိုမင်းမင်းကျော်က ပြောကြားခဲ့သည်။
မန္တလေး ဆန္ဒထုတ်ဖော်မှု လေးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၉ရက် နံနက် ၁၀ နာရီခန့်မှ စတင်၍ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့၊ ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားတွင် ဆန္ဒထုတ်ဖော်ရန် လာရောက်သူများ၊ ပြုလုပ်နေသူများကို လူစုလူဝေး မပြုလုပ်ရန် ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
