Top News

လွိုင်ကော်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနေ
24htopnews | November 25, 2024 10:12 PM CST

လွိုင်ကော်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၄၀ အား အခြားရဲတပ်ဖွဲ့ အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာ၌ လွိုင်ကော်မြို့နယ် ဘာဒိုကျေးရွာ လယ်ကွင်းတွင် ပိတ်မိနေစဉ် ဒေသခံပြည်သူများမှ ရောက်ရှိလာသဖြင့် လက်ရှိတွင် ဆန္ဒပြ ရဲတပ်ဖွဲ့ဝင်များအား လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွား၍ မရသေးသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

လွိုင်ကော်မြို့ ဆန္ဒပြပွဲ တတိယနေဖြစ်သည့် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ပြည်နယ်ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ လာရောက် ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK