N Health Myanmar ဓာတ်ခွဲခန်းက ပြည်ပလေကြောင်း ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် COVID-19 RT-PCR စစ်ဆေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း N Health Myanmar ဓာတ်ခွဲခန်းက ဖေဖော်ဝါရီ ၁၀ ရက်က သတင်းထုတ်ပြန် ကြေညာထားသည်။
ယင်းကြေညာချက်တွင် N Health Myanmar ဓာတ်ခွဲခန်းအနေဖြင့် ပြည်ပလေကြောင်း (International Flight) ခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် COVID-19 RT-PCR စစ်ဆေးခြင်းကို သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦတွင် နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအတွင်း စစ်ဆေးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
လက်ရှိ ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားလာမည့်သူများ COVID-19 (RDT Test) စစ်ဆေးလိုပါက ခရီးမသွားမီ တစ်ရက်ကြိုတင်၍ N Health Myanmar ဓာတ်ခွဲခန်းမှ စစ်ဆေးပေးနေသော ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် (ဆူးလေဘုရားအနီး)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ Tourist Burma Building တွင် နံနက် ၉ နာရီမှ ၁၁ ခွဲ၊ ညနေ ၁ နာရီခွဲမှ ၃ နာရီအတွင်း ဖေဖော်ဝါရီ ၃ ရက်မှစ၍ နေ့စဉ်ပိတ်ရက်မရှိ ပုံမှန်အတိုင်း သွားရောက် စစ်ဆေးနိုင်ကြောင်း သိရသည်။
COVID-19 ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်လိုသည့် ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနထံ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က နိုင်ငံပိုင် မီဒီယာတွင် ပြောကြားသည်။
“COVID-19 Test စစ်ဖို့ဆောင်ရွက်လိုတဲ့ ပုဂ္ဂလိကဆေးရုံတွေ ဓာတ်ခွဲခန်းတွေက အဆိုပြု လျှောက်ထားဖို့ လိုပါတယ်။ အဲဒီအပေါ်မှာ သူတို့လုပ်ငန်းသဘာဝက ဘယ်လို ရည်ရွယ်သလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ရည်ရွယ်ချက်နဲ့တကွ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနကို လျှောက်ထားရမှာပါ။ လျှောက်ထားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့ဖွဲ့ပြီးတော့ Inspection Team နဲ့ ဆင်းပြီးတော့ စစ်ဆေးပါတယ်။ စစ်ဆေးပြီး Inspection Team ရဲ့ သဘောထား သတ်မှတ်ချက်တွေ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရဲ့ သဘောထား မှတ်ချက်တွေ ဒါတွေအပေါ် မူတည်ပါတယ်။ ဒါတွေနဲ့တကွ ကျွန်တော်တို့ရဲ့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံကို တင်ပြလျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပါက COVID-19 ဓာတ်ခွဲစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကုသခြင်း လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍကို တာဝန်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးတွင် ပြောကြားထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်ပါက ခရီးသည်များကို ဟိုတယ် Quarantine စနစ်တကျ ထားရှိနိုင်ရေး၊ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးရေးနှင့် ကျန်းမာရေး စစ်ဆေးကုသခြင်းဆိုင်ရာ ကိစ္စရပ်များကို အသင့်ပြင်ဆင် ထားရှိရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပါက COVID-19 ဓာတ်ခွဲစစ်ဆေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍကို တာဝန်ပေးရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းဖြင့် ခရီးသွားလိုသူများ ၃၆ နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက်များကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ Tourist Burma အဆောက်အအုံနှင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရ ဆေးခန်းတွင် စစ်ဆေးပေးလျက်ရှိပြီး ဆက်လက်ပြီး ပုဂ္ဂလိကကဏ္ဍမှ ပန်းလှိုင်ဆေးရုံနှင့် N Health Myanmar ဓာတ်ခွဲခန်းတွင် စစ်ဆေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
