Top News

မုံရွာမြို့၌ လူအင်အား အများအပြား ဆန္ဒထုတ်ဖော်နေပြီး ဆန္ဒပြ ပြည်သူများက မြန်မာ့စီးပွားရေးဘဏ်ကို ယာယီချိတ်ပိတ်
24htopnews | November 25, 2024 10:13 PM CST

မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်မှု ပ ဉ္စမမြောက်နေ့အဖြစ် ဖေဖေါ်ဝါရီ ၁၀ ရက်က လူအင်အား အများအပြား ဆန္ဒထုတ်ဖော်နေကြပြီး ဆန္ဒပြပြည်သူများက မြန်မာ့စီးပွားရေးဘဏ်ကို ယာယီချိတ်ပိတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပညာရေးဌာနမှ ကျောင်းဆရာ/မမများ၊ ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံရေး တက်ကြွသူများ၊ နိုင်ငံရေးအင်အားစုများ၊ ပြည်သူများစသည်တို့က ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်အစောပိုင်း မုံရွာမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို လုံခြုံရေးရဲတပ်ဖွဲ့ အများအပြားက အများပြည်သူ သွားလာသည့် လမ်းအား သံဆူးကြိုးများကာ ရံကာပိတ်ဆို့ တားဆီးထားကြောင်း သိရသည်။

ထို့အပြင် မုံရွာမြို့တော်ခန်းမရှေ့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများကို ဖြိုခွင်းရန်အတွက် အသင့်နေရာ ယူထားကြောင်း သိရသည်။

 


READ NEXT
Cancel OK