နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) လေကြောင်းလိုင်းများ၏ ကယ်ဆယ်ရေးခရီးစဉ်နှင့် ပြည်တွင်း ခရီးစဉ်များတွင် လိုက်ပါမည့်ခရီးသည်များအတွက် COVID-19 ဆေးစစ်ခြင်းအား ရန်ကုန်လေဆိပ် Cargo Warehouse နှင့် N Health Laboratory တို့တွင် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းများ၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်း ပျံသန်းနေသည့် ကယ်ဆယ်ရေးခရီးစဉ်များဖြစ်သည့် ဘန်ကောက်၊ စင်ကာပူနှင့် ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်များအတွက် COVID-19 ဆေးစစ်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး၊ N Health laboratory နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်လမ်းရှိ Cargo Warehouse တို့တွင် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI နှင့် Air KBZ လေကြောင်းလိုင်းများ၏ ပြည်တွင်းနှင့် ပြည်ပကယ်ဆယ်ရေး ခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ပြည်လမ်းရှိ Airport Cargo Warehouse ၊ ပြည်တွင်းခရီးစဉ်များအတွက် RDT Test စစ်ဆေးရန် N Health Laboratory နှင့် Tourist Burma Building တို့တွင် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ရန်ကုန်မှ ကွာလာလမ်ပူသို့ အထူးကူညီကယ်ဆယ်ရေး ခရီးစဉ်များကို တစ်ပတ်သုံးကြိမ်ပျံသန်းမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရန်ကုန်-ကွာလာလမ်ပူ အထူးကူညီကယ်ဆယ်ရေးခရီးစဉ်အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းခရီးစဉ်သည် နေရပ်သို့ ပြန်ကြသော မလေးရှားနိုင်ငံသားများနှင့် ကွာလာလမ်ပူမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်လိုကြသည့် ခရီးသည်များ မိမိတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကူညီကယ်ဆယ်ရေးခရီးစဉ်တွင် ဖေဖော်ဝါရီ ၁၅ ရက်ထိ လိုက်ပါစီးနင်းမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် မဖြစ်မနေ စာရင်းပေးသွင်းရမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်များအတွက် သံရုံးအမည် စာရင်းပေးသွင်းရန် မလိုဘဲ လက်မှတ်အရောင်းကောင်တာများတွင် ခရီးစဉ်ထွက်ခွာ ရက်မတိုင်မီ အလုပ်ချိန် သုံးရက်ကြိုတင်ကာ တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက ဘန်ကောက်၊ စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များ ပျံသန်းခြင်းအား ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပြီး ကွာလာလမ်ပူနှင့် ဆိုးလ်ခရီးစဉ်ကို ကူညီကယ်ဆယ်ရေးခရီးစဉ်များအဖြစ် ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအား ကာကွယ်ရန် ခရီးသွားလာမှု ယာယီကန့်သတ်ကာလအား ထပ်မံတိုးချဲ့ခဲ့သည့်အတွက် မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်များအရ MAI အနေဖြင့် ၎င်း၏ လေကြောင်းခရီးစဉ်များကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြင်ဆင်ပျံသန်းသွားမည် ဖြစ်သည်။
MAI အနေဖြင့် ဘန်ကောက်၊ စင်ကာပူနှင့် ကာလကတ္တား ခရီးစဉ်များ ပျံသန်းခြင်းအား ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပြီး ကွာလာလမ်ပူနှင့် ဆိုးလ်ခရီးစဉ်ကို ခွင့်ပြုချက်ရရှိသည့်အခါ အရေးပေါ်အခြေအနေများအတွက် ပျံသန်းပြေးဆွဲသော ကူညီကယ်ဆယ်ရေး (Relief Flight) ခရီးစဉ်များအဖြစ် ပျံသန်းသွားမည်ဟု သိရသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
