မန္တလေးမြို့တွင် တပ်မတော်အာဏာရယူမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှု လေးရက်မြောက်နေ့တွင် ဆန္ဒပြသူများကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီခန့်မှစတင်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးနေပြီဖြစ်ရာ ညနေပိုင်းအချိန်အထိ လူ ၇၀ ဝန်းကျင် ဖမ်းဆီးခံထားရကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးခံရသူများအနက် DVB သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ဘကြီးအောင်လည်း ပါဝင်ခဲ့ပြီး ၎င်းကို မှားယွင်းဖမ်းဆီးမိသည်ဟုဆိုကာ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ၃၈ လမ်း ၇၃ လမ်းနှင့် ၇၄ လမ်းကြားတွင် ဆန္ဒထုတ်ဖော်ရန် လာရောက်သူများ၊ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်နေသူများကို လူစုလူဝေး မပြုလုပ်ရန် ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကနဦးအနေဖြင့် ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားတွင် ဆန္ဒထုတ်ဖော်သဖြင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးထားခဲ့ကြောင်း၊ ထို့နောက် ၇၃ လမ်းနှင့် ၃၈ လမ်းထောင့်၊ ၇၄ လမ်းနှင့် ၃၈ လမ်းထောင့်တို့တွင် ဆန္ဒပြသူများက ထိုင်၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုအား လူစုခွဲရန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲနှင့် မွန်းတည့် ၁၂ နာရီတို့တွင် နှစ်ကြိမ်တိတိ ရေဖျန်းခဲ့ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“၃၈ လမ်းကနေ ဖမ်းဆီးထားတာ အယောက် ၄၀ လောက်တော့ ရှိမယ်။ ခေတ္တထိန်းသိမ်းထားပါတယ်”ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သတင်းထောက်ကတော့ ဆန္ဒပြသူတွေနဲ့ရောပြီး ဖမ်းတဲ့အထဲ ပါလာတာ။ သတင်းထောက်လို့ပြောပေမဲ့ သူ့ကို လူတွေရှေ့ ချက်ချင်းပြန်လွှတ်ပေးလို့ မရလို့ အချုပ်ကားထဲ ခဏထည့်ထားလိုက်ရတာပါ။ အခု ပြန်လွှတ်ပေးလိုက်ပါပြီ” ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
