နေပြည်တော် သပြေကုန်းအဝိုင်းအနီး ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲရာ ဒဏ်ရာရရှိသူများအနက် ဦးခေါင်းထိမှန်ခဲ့သည့် အမျိုးသမီးတစ်ဦး မှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးသည် ရရှိသော ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု ကနဦးတွင် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးအား အထူးကြပ်မတ်ကုသဆောင်ထဲတွင် အသက်ရှုစက် တပ်ထားရသည့် အနေအထားဖြစ်ကြောင်း၊ ခွဲစိတ်ကုသရန် မဖြစ်နိုင်သည့်အနေအထားဖြစ်ကြောင်း အထက်ပါဆရာဝန်က ပြောကြားသည်။
ထို့အပြင် အရေးပေါ်၌ ပစ်ခတ်မှုကြောင့် ရင်ဘတ်ထုတ်ချင်းပေါက် ဒဏ်ရာရရှိသည့် အမျိုးသားတစ်ဦးလည်း ကုသမှု ခံနေရပြီး ၎င်းမှာ စိုးရိမ်ရသည့် အနေအထား မဟုတ်ကြောင်း သိရသည်။
သပြေကုန်းအဝိုင်းအနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရေကားဖြင့် ဖြိုခွဲခြင်း၊ ပစ်ခတ်များပြုလုပ်၍ မွန်းလွဲ ၁ နာရီခန့်က ဖြိုခွဲခဲ့ရာ ဒဏ်ရာရရှိသူ ခုနစ်ဦးခန့်ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
