သောင်ရင်းမြစ်ကိုဖြတ်ကာ မြန်မာဘက်မှ ထိုင်းဘက်သို့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်တွင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ပြည်နယ်ခရိုင် ငါးခရိုင်ဖြစ်သော မဲဆောက်၊အုန်ဖန်၊ဖုတ်ဖရ၊မယ်ရမ၊ထဆောင်ရမ်း စသော နယ်စပ်တေလျာက်တို့တွင် အထူးတပ်ဖွဲ့မှလုံလုံခြုံရေးဆောင်ရွက်လျှက်ရှိပြီး အဆိုပါ နိုင်ငံခြားသားများပြန်လာနိုင်ရေးအတွက် ထိုင်းတပ်မတော်၏ ကာကွယ်ရေးဝန်ကြီးဌာနမှ(Ratchamanu)တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ (မဲဆောက် )၊ မဲဆောက်ရဲစခန်းနှင့် အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သီရိလင်္ကာသံရုံးမှတာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၊မြဝတီဘက်မှ သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါ ၅ ဦး၊ မလေးရှားတစ်ဦး၊ ရုရှားတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။
အဆိုပါနိုင်ငံခြားသား ၃၉ ဦးကိုသက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးပြီး တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲစခန်းသို့ ပို့ဆောင်ထားပြီး။ National Referral Mechanism (NRM) ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။
Photo..Kogi Mhann
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
