ဇွဲကပင်တောင်တက်လမ်းခုလတ်တွင် ပျောက်ဆုံးခဲ့သည့် အသက်၂၀ နှစ်ခန့်ရှိ လူငယ်တစ်ဦးအား တောင်ခြေတွင် အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ၊ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က ဇွဲကပင်တောင်ခြေရှိ ခလောက်နို့ကျေးရွာ၌ ဒေသခံများက ဆိုင်ကယ်တစ်စီးတွေ့ရှိခဲ့ပြီး၊ တောင်တက်လမ်း ရွှေအင်တုံစခန်းအနီးချောက်ကမ်းပါး၌ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်သော့နှင့် ဖိနပ်တစ်ရံတို့အားတွေ့ရှိရပြီး လူမတွေ့ရသဖြင့် ဒေသခံများက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံ အကြောင်းကြားခဲ့ပြီး ရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ထိုသို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါအမျိုးသားအား တောင်ခြေအနီးတွင် ဦးခေါင်းဒဏ်ရာဖြင့် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဒေသခံက ဆက်လက်ပြီး “ညဘက်ကြီး မီးသတ်တပ်ဖွဲ့ဝင်တွေရော၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရော ဒေသခံတွေပါဝိုင်းဝန်းရှာဖွေနေကြတဲ့အခါမှာ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်လောက်မှာ ခုန်ချသွားတယ်ဆိုတဲ့ ယောက်ျားလေးတစ်ယောက်ကို တောင်ခြေအနီးမှာ ဦးခေါင်းဒဏ်ရာနဲ့ အသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
အဆိုပါလူငယ်ပျောက်ဆုံးခဲ့သည့် ရွှေအင်တိုစခန်းအနီး နေရာမှ တောင်ခြေအထိ ပေ (၁၀၀) အနက်ခန့်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ ထို့နောက် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ အဆိုပါအမျိုးသားအား ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်မှာ ဧရာဝတီတိုင်းဒေသကြီးမှ ကရင်ပြည်နယ် ဘားအံမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြော်ကြော်သည့် အလုပ်ကို လာရောက်လုပ်ကိုင်နေသူတစ်းဖြစ်ကြောင်း ၊ မည်သည့်အကြောင်းကြောင့် ဇွဲကပင်တောင်တက်လမ်းခုလတ်မှ ခုန်ချခဲ့သည်ကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
