တစ်ရက်လျှင် ကုန်ချောဆီတန်ချိန် ၂၀ အထိ ထုတ်လုပ်နိုင်သည့် ပုဂ္ဂလိကဆီစက်ရုံ ရန်ကုန်မြို့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ စက်ရုံကို Global Good Pure Group ကုမ္ပဏီလီမိတက်လက်အောက်တွင်ရှိပြီး စံချိန်ဆီစက်ရုံဖြစ်ကြောင်း၊ ယင်းစက်ရုံကို နိုဝင်ဘာ ၂၄ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
" ကုန်ကြမ်းအနေနဲ့ဆိုရင် တစ်ရက်ကို တန် ၅၀ လောက်အထိ ထုတ်နိုင်တယ်။ ကုန်ချောအနေနဲ့ဆိုရင် တစ်ရက်ကို တန် ၂၀ ထုတ်လုပ်နိုင်ပါတယ်။ မြန်မာတစ်ပြည်လုံးကို ဆီဖြန့်ဖြူးရောင်းချမှာပါ" ဟု စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်ဇော်က ပြောကြားသည်။
ဆီစက်ရုံဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဇော်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Global Good Pure Group ကုမ္ပဏီလီမိတက်စံချိန်ဆီစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာတို့က စံချိန်ဆီစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက စံချိန်ဆီစက်ရုံကမ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး ဆီစက်ရုံအတွင်း ထုတ်လုပ်ထားသည့်ဆီများ ပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဆီထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုကြရာ စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီစက်ရုံမှ မြေပဲဆီနှင့် နေကြာဆီ နှစ်မျိုးကို ထုတ်လုပ်မည်ဖြစ်ပြီး မြန်မာတနိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
