ဧရာဝတီတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေး အဖွဲ့များမှ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် အရပ်ရပ် လိုင်စင်များအတွက် လေလံတင်ရောင်းချရာတွင် ယမန်နှစ် ကြမ်းခင်းစျေးနှုန်းများထက် ထက်ဝက်ခန့် လျော့ကျခဲ့မှုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်အရ မည်သည့်အကြောင်း ကြောင်းများကြောင့် လျော့ကျခဲ့ရသည်ကို ပြန်လည်စစ်ဆေးနေကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာ ၂၈ ရက်တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အုပ်ချုပ်ရေး၊ လွှတ်တော်နှင့် တရားရေးမဏ္ဍိုင် သုံးရပ်နှင့် တွေ့ဆုံရာတွင် ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပြန်လည်သုံးသပ် ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းမှာကြား ခဲ့ခြင်းဖြစ်သည်။
“တိုင်းအတွင်းမှာ အရပ်ရပ်လိုင်စင်တွေ လေလံတင်တ ဲ့အခါမှာ မနှစ်ကထက် ဝင်ငွေထက်ဝက်ကျော် ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတာ ပြန်လေ့လာရမယ်။ လက်သိပ်ထိုး ပေးလိုက်လို့လား၊ မတန်တဆ ပေးလိုက်လို့လား၊ မပေးစဖူး လက်ဖက်ရည်ဖိုး ပေးလိုက်လို့လား။ မနှစ်ကတော့ ဒီလောက် ဒီလောက် အရပ်ရပ်လိုင်စင်တွေ ဒီလောက် ဒီလောက် ငွေအတိုင်းတာရထားပြီးပြီ၊ ဘာလို့ ဒီနှစ်ဝင်ငွေ ထက်ဝက်ကျော် လျော့သွားတာလဲ။ အဲဒါ ပြန်လေ့လာရမယ်လေ။ ဟာ သူ့ဘာသာ လျော့ပလေ့စေကွာ။ ဌာနဆိုင်ရာတွေက ဘယ်လိုဖြစ်ဖြစ်ကွာ မဟုတ်ဘူး။ တိုင်းအစိုးရရဲ့တာဝန်က ဌာနဆိုင်ရာတွေကို ကြီးကြပ်ရမယ်၊ လမ်းညွှန်ရမယ်၊ ညွှန်ကြားချက်ပေးရမယ်၊ ကြပ်မတ်ရမယ်ဆိုတာ ပါပြီးသား။ ပြန်ကြည့်ပါ ဒါတွေဖြစ်နေတာကို” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားမှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက် စစ်ဆေးနေကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တွေကို ဘာလို့ အခုလို လေလံမှာ ဝင်ငွေတွေ လျော့ကျသွားလဲ ဆိုတာကို ပြန်လေ့လာပြီးတော့ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားပါတယ်၊ ပြန်လည်တင်ပြပြီးတော့မှ သုံးသပ်မှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်လိုင်စင်များကို လေလံတင် ရောင်းချရာတွင် မသမာမှုများ ရှိခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားမှုများလည်း ရှိသည်။
“စည်ပင်က လေလံစျေးတွေ ကျသွားတာက ဥပဒေနဲ့ လုပ်နည်းတွေကို ဝန်ကြီးတို့ လက်ရှိ ယာယီညွှန်ကြားရေးမှူးတို့က နားမည်လို့ ဖြစ်ကုန်တာ။ မြောင်းမြ ကူးတို့လေလံမှာဆိုရင် ပန်းကြေးပေးပြီး လေလံယူသွားတယ်။ ဒါကိုသိလို့ ကျွန်တော်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းဆက်ပြောတော့မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး ကိုယ်တိုင်သွားတော့မှ သိန်း ၁၄၀၀ နဲ့ လေလံပစ်တယ်။ တကယ်က ၁၆၀၀ လောက်တန်တယ် အဲဒီလေလံက။ ဒါကို ကျွန်တော် အတိအကျ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ထားတယ်။ ပုသိမ်ကူးတို့ လေလံလည်း ဒီလိုပဲ။ ကူးတို့ယာဉ် လေးစင်းပြရမယ်တို့လို စည်းကမ်းမဟုတ်တာတွေ ထည့်ပြောထားတော့ ဘယ်သူမှ မယူရဲတော့ဘဲ စျေးကထက်ဝက်လောက်နဲ့ ကြမ်းခင်းစျေးကို ချိုးပေးလိုက်ရတယ်၊ ဒါတွေအကုန်လုံးကို အချက်အလက်နဲ့ အဂတိ တိုင်ထားတယ်” ဟု စည်ပင်သာယာ အရပ်ရပ်လိုင်စင်များ လေလံရောင်းချမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့သူ မြောင်းမြမြို့ဒေသခံ ဦးစိုးစိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
