မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊သိပ္ပံ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် နိုင်ငံတကာအဆင့်မီ တည်ဆောက်ခဲ့သည့် Mandalay Convention Centre အဆောက်အအုံ လွှဲပြောင်းပေးအပ် ဖွင့်လှစ်ပွဲနှင့်အတူ မန္တလေးစီးပွားရေးဖိုရမ် ၂၀၁၈ ကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်လျက်ရှိကြောင်း သိိရသည်။
အဆိုပါ ဖွင့်ပွဲနှင့် မန္တလေးစီးပွားရေး ဖိုရမ်သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စီးပွားရေးဖိုရမ်ကို အစီအစဉ်လေးမျိုးဖြင့် ကျင်းပခဲ့သည်။ ထို့အတူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲများအဖြစ် စက်မှု၊ စိုက်ပျိုးရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများ စသည်ဖြင့် ပါဝင်သော ကဏ္ဍပေါင်းစုံမှပြခန်း ၂၂၅ ခန်းကို သုံးရက်တိုင် ဖွင့်လှစ်ပြသလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို တင်ပြချက် ခုနစ်ခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးမှုများကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ ကုန်သွယ်မှုမူဝါဒများ၊ အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင် ၁၀၀ ကျော်မှ ပါဝင်ဆွေးနွေး ခဲ့သည်ဟု သိရပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအကြား ဆက်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျန်တဲ့ သက်တမ်းနှစ်နှစ်အတွင်း မန္တလေးတိုင်းဒေသကြီးမှာ စီးပွားရေးဘယ်လို မြှင့်တင်နိုင်မလဲ စဉ်းစားပြီး business forum ကို အချိန်ယူပြင်ဆင် ဖိတ်ကြားပြီး လုပ်ခဲ့တာပါ။ မန္တလေးမှာ အားသာချက်တွေရှိတယ်။ အခုပြည်ပက ဝင်ရောက်လာမယ့် ကုမ္ပဏီတွေရှိမယ်။ အဲဒီမှာ ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေ အနေနဲ့ ပူးပေါင်းပြီး ဘယ်လိုယှဉ်ပြိုင်နိုင်မလဲ ဆိုတာကို ဒီပွဲကနေ ဒေတာနဲ့ အင်ဖော်မေးရှင်း အပြည့်အဝပေးမယ်။ မန္တလေးတိုင်းရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုရင် ခရီးသွားလုပ်ငန်း တွေရှိမယ်၊ စိုက်ပျိုးရေးရှိမယ်၊ အသေးစားအလတ်စား လုပ်ငန်းတွေရှိမယ် အဓိက အဲဒီသုံးခုကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေရာကနေ ဖိတ်ခေါ်လိုက်တာပါပဲ။ နောက်ပြီး တိုင်းဒေသကြီး ပြည်နယ်တွေလည်း အချိုးကျ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တာကြောင့် အခုဝန်ကြီးချုပ်တွေလည်း ဒီပွဲကို တက်ရောက်လာကြတယ်။ ဒါကဘာဖြစ်သွားသလဲဆိုတော့ role model ဖြစ်လာတယ်။ သူတို့လည်း သူတို့တိုင်းနဲ့ ပြည်နယ်မှာ လုပ်ချင်လာတယ်။ ဒီလိုတိုင်းနဲ့ပြည်နယ်တွေမှာ စီးပွားရေးကောင်း၊ ရင်းနှီးမြှုပ်နှံမှုကောင်း၊ ပတ်ဝန်းကျင်ကောင်းတွေကို အချိုးညီညီ လုပ်ပေးမယ်ဆို ဒီနိုင်ငံလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ကွန်ဗင်းရှင်းစင်တာကို မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် MIDG Go.,Ltd ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ New Star Light & C.A.D Construction Co.,Ltd တို့မှ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တင်ဒါခေါ်ခဲ့ရာ တင်ဒါပြိုင်သူ ၂၃ ယောက်အနက် အဆိုပါ CAD ကုမ္ပဏီနှင့် New Star Light တို့ ပူးပေါင်းထားသည့် MIDG Co.,Ltd ကုမ္ပဏီက အနိုင်ရရှိခဲ့ပြီးနောက် အဆိုပါ သိပ္ပံလမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မြေဧက ၂ ဒသမ ၃၈ ဧကပေါ်တွင် ၂၀၁၃ နိုဝင်ဘာ ၃ ရက်က စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
ကွန်ဗင်းရှင်းစင်တာ ဗိသုကာဒီဇိုင်းကို အမေရိကန်ပြည်ထောင်စုမှ Gensler ဟုခေါ်သည့် ဗိသုကာပညာရှင်အဖွဲ့ ကုမ္ပဏီကရေး ဆွဲထားပြီး အာစီသံဖရိန် လေးထပ်အဆောက်အအုံဖြစ်ကာ စီမံကိန်းပထမအဆင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၇ သန်းဖြစ်ကြောင်း သိရသည်။ ယင်းစင်တာကို ၂၀၁၆ မတ် ၁၃ ရက်က Soft Opening အဖြစ် ယင်းအချိန်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် မြို့တော်ဝန် ဦးအောင်မောင်းတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မြို့တော်စည်ပင်သို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် Grand Opening ကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ကွန်ဗင်းရှင်းစင်တာမှာ ကြမ်းခင်းဧရိယာ စုစုပေါင်း စတုရန်းပေ ၁၄ç၆၇၅ ရှိပြီး မြေအောက်ထပ်တွင် စတုရန်းပေ ၆၁ç၃၅၄ ကျယ်ဝန်းကာ ကား ၁၈၁ စီးနှင့်ဆိုင်ကယ် ၆၉ စီးရပ်နားနိုင်သည့် ကားရပ်နားစခန်း၊ မြေညီထပ်တွင် လူ ၄၅၀၀ ဆံ့ပြပွဲခန်းမနှင့် ပွဲကြိုခန်းမပါရှိသည်။
စတုရန်းပေ ၃၇,၆၇၃ ကျယ်ဝန်းသော ပထမထပ်တွင် လူ ၄၄၈၈ ဆံ့ မင်္ဂလာခန်းမ နှစ်ခု၊ ဒုတိယထပ်တွင် လူဦးရေ ၂၆၄ ဦးဆံ့ Conference Hall ၁ ခု၊ လူ ၃၆ ဦးဆံ့ Meeting ခန်းမသုံးခုနှင့် Function Hall ပါရှိပြီးလူ ၁၄၀၈ ဦးဆံ့ Meeting ခန်းမသုံးခုနှင့် Management Office ပါရှိပြီး Function Hall၊ စတုရန်းပေ ၃ç၂၂၉ ကျယ်ဝန်းသော တတိယထပ်တွင် လူ ၃၆ ဦးဆံ့ VIP အခန်းများ ပါဝင်ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ ဗဟိုလေအေးပေးစက်၊ အသံစနစ်၊ မီးသတ်အချက်ပေးနှင့် မီးသတ်စနစ်၊ စက်လှေကား ခြောက်စင်း၊ ဓာတ်လှေကား သုံးစင်းတို့ဖြင့် တပ်ဆင်ထားကြောင်း သိရသည်။ ထူးခြားမှုအနေဖြင့် Car Show များ ပြနိုင်ရန် အဆင်ပြေရန်အတွက် ကားပါတင်နိုင်သည့် ဓာတ်လှေကားများပါ ထည့်သွင်းထားသည်ဟု သိရသည်။
Convention Centre မှာ ယင်းထက်ကြီးမားသည့် Mandalay Convention Centre and Commercial Complex ဟုခေါ်သည့် စီမံကိန်း၏ ပထမအဆင့်ဖြစ်ပြီး Convention Centre ၏ ဘေးတွင် အထပ်မြင့် အဆောက်အအုံများ ဆက်လက် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
