ယခုနှစ် ၁၀ လအတွင်း လူကုန်ကူးခံရသူဦးရေ ၂၇၇ ဦးအထိရှိပြီး မိဘများကိုယ်တိုင် ပြစ်မှုကျူးလွန်သည့်ဖြစ်စဉ်များ ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတွင်း လူကုန်ကူးမှုပေါင်း ၁၇၇ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၂၇၇ ဦးအထိရှိကာ တရားခံပေါင်း ၅၀၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
လူကုန်ကူးခံရသည့်ဖြစ်စဉ်များမှာ အဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေမှု ၂၄ မှု၊ အဓမ္မ ထိမ်းမြားလက်ထပ်ခံရမှု ၁၃၆ မှု၊ လုပ်အား ခေါင်းပုံဖြတ်မှု ၁၁ မှု၊ အိမ်ဖော်အဖြစ် စေခိုင်းမှုနှစ်မှု၊ အငှားကိုယ်ဝန်ဆောင်ခိုင်းမှု သုံးမှုနှင့် ကလေးအဓမ္မရောင်းစားမှုတစ်မှုတို့ဖြစ်ပြီး လူကုန်ကူး ခံရဖြစ်စဉ်အများစုမှာ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားကာ ဒုတိယအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားကြောင်း သိရသည်။
“မှတ်တမ်းတွေအရ မိဘကိုယ်တိုင် သားသမီးကို ရောင်းစားတဲ့ဖြစ်စဉ် ပါဝင်လာတာကို တွေ့ရတယ်။ ချင်းပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မိဘငွေကြေး လိုအပ်ချက်ကြောင့်လို့ သိရတယ်။ တခြားဖြစ်စဉ်တွေမှာလည်း မိဘတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေတာကို တွေ့ရ တယ်။ မိဘတွေရဲ့ ငွေကြေးအဆင်မပြေမှုကို အခွင့်အရေးယူပြီး တရားခံတွေက မက်လုံးပေး မဲဆွယ်ကြတာပေါ့။ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့အနေနဲ့ လက်ကမ်းစာစောင်တွေ၊ အသိပညာရေး ဟောပြောမှုတွေအပြင် နောက်ဆုံး ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတွေကနေ တဆင့် မက်ဆေ့(စာတို) ပို့ အသိပေးမှုတွေပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ လူကုန်ကူးတင်ပို့မှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ နှစ်နိုင်ငံ ဆက်ဆံရေးရုံးဖွင့်ပြီး ပူးပေါင်းဆောင်ရွက်ထားတယ်။ ထိုင်းနိုင်ငံမှာလည်း ဖွင့်ထားတယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေ အပါအဝင် အိမ်နီးချင်းဆက်စပ်မှုရှိနေတဲ့ မဲခေါင်ဒေသအတွင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦး က ပြောကြားသည်။
လူကုန်ကူးမှု ကျူးလွန်သူများမှာ အမျိုးသမီးနှင့်ငယ်ရွယ်သော မိန်းကလေးငယ်များကို အဓိက ပစ်မှတ်ထားကျူးလွန်ပြီး၊ ဒုတိယအဖြစ် ကလေးသူငယ်များကို ကျူးလွန်လေ့ ရှိပြီး မှတ်တမ်းများအရ အမျိုးသမီး ၈၅ ရာခိုင် နှုန်းနှင့် ကလေးသူငယ် ၄ ဒသမ ၃၈ ရာခိုင် နှုန်းအထိဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူကုန်ကူးမှု ကျူးလွန်သူများ အများစု ပို့ဆောင်သည့် နိုင်ငံများမှာ တရုတ် နိုင်ငံသို့ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ပြည်တွင်း လူကုန်ကူး ခံရမှုများရှိကြောင်း သိရသည်။
လူကုန်မှုကျူးလွန်သူများမှာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး အခွင့်အလမ်းနည်းပါးသည့်ဒေသများ၊ အလုပ်အကိုင် လိုအပ်နေသည့် ချို့တဲ့သည့် မိသားစုများနှင့် ပြည်တွင်း မတည်မငြိမ်သည့် ဖြစ်စဉ်အချို့တို့ကို အခွင့်ကောင်းယူ၍ ပြည်သူများအပေါ် မက်လုံးပေး ကျူးလွန်လေ့ရှိပြီး လူကုန်ကူးမှုမှာ ကြီးလေးသည့် ပြစ်ဒဏ်ဖြစ်သည့်အတွက် အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရမည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
အများပြည်သူအနေဖြင့် လူကုန်ကူးမှု ဖြစ်စဉ်အား မသင်္ကာဖွယ်အဖြစ် တွေ့မြင် သိရှိပါက (သို့မဟုတ်) ကိုယ်တိုင် တွေ့ကြုံ ရင်ဆိုင်နေရပါက အရေးပေါ်ဖုန်းနံပါတ် ၀၉- ၅၉၄၉၅၅၅၆၆၆၊ ၀၉- ၅၉၄၉၅၅၅၇၇၇၊ ၀၉- ၅၉၄၉၅၅၅၈၈၈၊ ၀၉- ၅၉၄၉ ၅၅၅၉၉၉ တို့ကို ဆက်သွယ်ခေါ်ဆိုခြင်း၊ မက်ဆေ့ (စာတို ) ပို့ခြင်းနှင့် သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့သို့ အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
