ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသရှိ ခဲကျင်းပြိုကျရာမှ ပိတ်မိနေသော ကျင်းလုပ်သား လေးဦးအား ပြန်လည်ကယ်တင်နိုင်ကြောင်း သိရသည်။
တောင်ပေါ်ရပ်ကွက် ခဲကျင်းအမှတ် နက/ရှေ့ ၁၀ ကျင်းဦးစီး ဦးပြေသိန်းထွန်း၏ ခဲကျင်းတွင် နိုဝင်ဘာ ၉ ရက် ညနေ ၇ နာရီခန့်က ကျင်းအတွင်းပိုင်း မြေစာပြိုကျသောကြောင့် ကျင်းလုပ်သား လေးဦးပိတ်မိနေရာ နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခွဲတွင် ပြန်လည်ကယ်ထုတ်နိုင်ကြောင်း သိရသည်။
“၉ ရက်နေ့ မနက်ကတည်းက ပြိုနေတာ သူတို့ဘာသာ ကြိုးစားကြည့်သေးတာ တွေ့ရတယ်။ မရတော့မှ ဘောလခဲခရိုင်က မီးသတ်နဲ့ ကယ်ဆယ်ရေးတွေ ညနေအတော်စောင်းတော့ ရောက်လာတယ်ဗျ။ နယ်မြေခံတပ်နဲ့ပေါင်းပြီး ကယ်ဆယ်ရေးလုပ်တာ မနက်ကျ ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်တယ်။ သူတို့ ပိတ်မိတဲ့နေရာက မြေပြိုမကျတော့ ကံကောင်းတာပေါ့။ ကျင်းပြိုတဲ့နေရာက အန္တရာယ်ဇုန်ထဲ ပါတယ်လို့လည်း သိရတယ်။ ကျွန်တော်တို့ဆီမှာက မြေပြိုရင် ဒေသခံတွေလုပ်တဲ့ နေရာတွေ မဟုတ်ဘူး။ ပြည်မက လာလုပ်စားတဲ့ သူတွေနေရာပဲ ပြိုကျတာများတယ်။ ပြောလည်းမရဘူး။ နားကောက်တယ်လေ။ ပြီးရင် ကျွန်တော်တို့ဒေသ ကျွန်တော်တို့ မော်ချီးပဲ နာမည်ပျက်တယ်” ဟု ကယ်ဆယ်ရေး လုပ်အားပေးသူ ဒေသခံ စောကလိုစေးက ပြောကြားသည်။
ကျင်းအတွင်း အဆိုင်းတစ်ဆိုင်းလျှင် ကျင်းလုပ်သား ၁၀ ဦးအား တာဝန်ချထားပြီး မြေပြိုချိန်တွင် ဇာနည်ခိုင် (၂၁) နှစ်၊ ဦးမြင့်ဇော် (၄၈) နှစ်၊ အောင်ဟိန်းဝေ (၂၁) နှစ်နှင့် ကိုဇော်ကို (၃၂) နှစ်တို့ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ သဘာဝဘေး ကာကွယ်တားဆီးရေး အတွက် ကော်မတီတစ်ရပ်အား တောင်ပေါ်ရပ်ကွက် ရဲထွဋ်ကျော်ကုမ္ပဏီရုံးခန်းတွင် သြဂုတ် ၃ ရက်က ပထမဆုံးအကြိမ် ဖွဲ့စည်းနိုင်ကြောင်း ကော်မတီအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသော နော်မာဂရက်စိန်ထံမှ သိရသည်။
မော်ချီးသတ္တုတွင်း ဒေသတွင် ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီခန့်တွင် တောင်ပေါ်ရွာ ၁၅ ရပ်ကွက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက် (၅၁)မှ စွန့်ပစ်မြေစာပုံ အလုပ်သမားတဲပေါ် ပြိုကျသဖြင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အမှတ် ၃ ခဲကျင်းအပေါ်ရှိ ပေါင်မုန့် ကျောက်တုံးရှိရာ နေရာမှ ကျောက်တုံးများအဆက်မပြတ်ပြိုကျလာသဖြင့် လွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ၂၀၁၈ခုနှစ် ဇူလိုင် ၈ ရက်ညတွင် အုပ်စုအုပ်ချုပ်ရေးမှူးက စာ ထုတ်ပြန်ခဲ့သည်ဟု သိရသည် ။
ထို့ပြင်ရုရှားရိပ်သာဟောင်း ဝဲယာဘက် တွင် မြေသားများ ခြောက်လက်မခန့် နိမ့်ဆင်း နေသောသတင်းအရ၂၀၁ရခုနှစ် သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများစုပေါင်းသွားရောက်စစ်ဆေးပြီး တားမြစ်ချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၃၁ ရက်မှ စတင် ၍ အိမ်ထောင်စု သုံးစုအားရွှေ့ပြောင်း ခိုင်း ထားပြီး လူများဖြတ်သန်းခြင်းမပြုရန် တား မြစ်ခဲ့ခြင်းကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
