ရန်ကုန်မြို့တွင် အဆင့်မြင့်လက်လီ အရောင်းနေရာ စတုရန်းမီတာ ၃၅၀၀၀၀ ဝန်းကျင်ရှိလာပြီး ငှားရမ်းမှုနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း လာမည့်ခြောက်လအတွင်း ပျမ်းမျှငှားရမ်းခများ ပြန်လည်မြင့် တက်မည်ဟု မျှော်မှန်းကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၁၈ ခုနှစ် တတိယသုံးလပတ် စျေးကွက်အစီရင်ခံစာအရသိရသည်။
၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွင်း အဆင့်မြင့်လက်လီအရောင်းနေရာသစ်ထွက်ရှိမှု စတုရန်းမီတာ ၁၇၆၄ ထွက်ရှိခဲ့ပြီး ပြီးခဲ့သည့်သုံးလပတ်များနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၅၈၀၀၀ အထိ ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၁၈ နှစ်ကုန်တွင် အဆင့်မြင့် လက်လီအရောင်းနေရာပေါင်း စတုရန်းမီတာ ၄၀၅၆၉၀ အထိရှိမည်ဟု ခန့်မှန်းထားသည်။ ငှားရမ်းမှုနှုန်းသည် ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်တွင် ၉၂ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၅၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့် အဆောက်အအုံသစ်များ ထပ်မံပေါ်ထွက်လာမှုနှင့်အတူ လက်လီစျေးဝယ်စင်တာအသစ်များ တိုးပွားလျက်ရှိပြီး Kantharyar Shopping Mall၊ Central Boulevard၊ Space@Yankin တို့လည်း လာမည့် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ထွက်ရှိလာဦးမည်ဖြစ်သည်။ ခေတ်မီမြို့ပြပိုဆန်လာသည့် ရန်ကုန်မြို့အတွင်း ထပ်မံပေါ်ထွက်လာမည့် စျေးဝယ်စင်တာများ အနေဖြင့် လူအများ စိတ်ဝင်စားနိုင်မည့် တီထွင်ဖန်တီးမှုအသစ်များ၊ ဝန်ဆောင်မှုအသစ်များ ထည့်သွင်းနိုင်ရန် အားထုတ်ရမည်ဖြစ်သည်။ မတူကွဲပြားသော အစားအသောက် ရောင်းချသည့်နေရာများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စိတ်အပန်းပြေစေသည့်လုပ်ငန်းများသည် အနာဂတ်စျေးဝယ်စင်တာများအတွက် အခွင့်အလမ်းတိုးမြင့်စေမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိစျေးဝယ်စင်တာများတွင် ငှားရမ်းဖွင့်လှစ်ထားသောဆိုင်ခန်းများတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာဆိုင်များက ၁၈ ရာခိုင်နှုန်း၊ Special Store ဆိုင်များက ကိုးရာခိုင်နှုန်း၊ ကျန်းမာရေး၊ အလှအပရေးရာဆိုင်များက ခုနစ်ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။
မြို့ပြနှင့်လျော်ညီသော စျေးဝယ်ပုံစံကို ပြောင်းလဲနေခြင်းကြောင့် စျေးဝယ်စင်တာ အသစ်များပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူများပြားလျက်ရှိသည်။ စျေးဝယ်စင်တာအသစ်များလည်း ပုံမှန်ဆက်လက်ဖွင့်လှစ်နေပြီး လာမည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆင့်မြင့် လက်လီအရောင်းနေရာပေါင်း စတုရန်းမီတာ ၅၈၆၅၀၆ အထိရှိမည်ဟု မျှော်မှန်းထားရာ သုံးနှစ်အတွင်း စတုရန်းမီတာ ၁၈၀၀၀၀ ကျော်တိုးတက်ရန် ခန့်မှန်းထားခြင်းဖြစ်သည်။
အဆင့်မြင့် လက်လီအရောင်းနေရာငှား ရမ်းမှုနှုန်းထားအနေဖြင့်လည်း ၉၂ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပြီး ပျမ်းမျှငှားရမ်းခနှုန်းထားမှာလည်း တစ်စတုရန်းမီတာလျှင် ၃၂ ဒေါ်လာ ဝန်းကျင်ရှိပြီး၂၀၁၇ ခုနှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက သုံးဒေါ်လာခွဲခန့် (၉ ဒသမ ၈ ရာခိုင်နှုန်း)ကျဆင်းခဲ့သည်။ စျေးဝယ်စင် တာအသစ်များ ဆက်လက်ထွက်ပေါ်လာသော်လည်း ငှားရမ်းလိုသူ များပြားသောကြောင့် လာမည့်နှစ်နှစ်မှ သုံးနှစ်အထိ အဆင့်မြင့်လက်လီအရောင်း နေရာငှားရမ်းခနှုန်းထားများ လေးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းဝန်းကျင် ဆက်လက်မြင့်တက်ဦးမည်ဟု Colliers International Myanmar မှ သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
