အလုံပိတ် ပစ်ကပ်ကားအတွင်း လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆိုင်ဘူရီခရိုင်ရှိ အဝေးပြေးလမ်း စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လူမှောင်ခိုလုပ်ငန်းအတွက် အသုံးပြုသည်ဟု သံသယရှိသည့် ယာဉ်တစ်စီးသည် ပတ္တနီနှင့် နရသီဝပ်ကြား အဝေးပြေးလမ်းမကြီးတွင် သွားလာနေကြောင်း သတင်းရရှိပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်လိုင်စင် နံပါတ်ပြားပါသည့် အဆိုပါ ပစ်ကပ်ယာဉ်ကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အလုံပိတ်ကားအား ရှာဖွေစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသား ၂၉ ဦးသည် မလေးရှားနိုင်ငံရှိ အလုပ်ပွဲစားတစ်ဦးထံ ဆက်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့်မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ကူညီရန် ထိုင်းပွဲစားတစ်ဦးထံ ဆက်သွယ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ သုံးရက်ကြာ ခရီးနှင်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ယာဉ်မောင်းကို စစ်ဆေးချက်အရ အဆိုပါ မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးရန် ထိုင်းပွဲစားတစ်ဦးက တစ်ဦးလျှင် ဘတ် ၁၅၀၀ ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း တို့ကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
