မန္တလေးမြို့တွင် ဆန္ဒပြပြည်သူများကြားသို့ လက်နက်များ တင်ဆောင်လာသည့်ကားဖြင့် ဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများက ဖမ်းဆီးထိန်းသိမ်းခဲ့
24htopnews | November 26, 2024 3:13 PM CST
မန္တလေးမြို့ ၆၂ လမ်းပေါ်၌ ဖေဖော် ၀ါရီ ၂၈ ရက်က ဆန္ဒပြပြည်သူများကြားသို့ ရဲတပ်ဖွဲ့ဝင် ငါးဦးက လက်နက်များတင်ဆောင်လာသည့်ကားဖြင့် ဝင်ရောက်လာသဖြင့် ပြည် သူများ က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရ သည်။
မန္တလေးမြို့တွင် ပြည်သူများက ငြိမ်း ချမ်းစွာဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်လျက် ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်၌ ၆၂ လမ်း ခုတင် ၃၀၀ ဆေးရုံရှေ့တွင် ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း သိရ သည်။ ထိုသို့ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီးနောက် ဆန္ဒပြပြည်များရှိရာနေရာသို့ ရဲတပ်ဖွဲ့ဝင်ငါး ဦးစီးနင်းလိုက်ပါလာသည့် ယာဉ်တစ်စီးဝင် ရောက်လာခဲ့ခြင်းကြောင့် ဆန္ဒပြပြည်သူများ က တားဆီးမှုများပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးကို အနီးရှိရပ်ကွက်ဓမ္မာရုံ၌ ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ထားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းအနီးတွင် သေနတ်ပစ်ခတ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် သွားရောက်အတည်ပြုနိုင်ခြင်း မရှိပေ။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ၆၂ လမ်း ခုတင် ၃၀၀ ဆေးရုံရှေ့ရှိ ဆန္ဒပြပြည် သူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ၆၂ လမ်းနှင့် မနော်ဟရီ လမ်းဆုံတွင် ပြည်သူများက ထိုင်သပိတ်ဆက် လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြပြည်သူများအား လိုက်လံပစ်ခတ်ဖြိုခွင်းရာတွင် ပုဂ္ဂလိကဆေး ရုံအချို့အတွင်းပါ ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့ပြီး လူသေဆုံးမှုထိခိုက်ဒဏ်ရာရရှိမှုများ လည်းရှိနေကြောင်း စုံစမ်းသိရသည်။
ထို့အတူ မြတောင် သံဃာသပိတ်စစ်ကြောင်းနောက်တွင် အရပ်ဝတ်ဖြင့်လိုက်ပါလာ သူရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်အခြားတစ်ဦးအား သံဃာများက ခေတ္တထိန်းသိမ်းထားပြီး တာဝန် ရှိသူများထံ ပြန်လည်အပ်နှံသွားမည်ဖြစ် ကြောင်း အဆိုပါသပိတ်စစ်ကြောင်း ဆရာတော်များထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်က သံဃာသပိတ်စစ်ကြောင်းနှင့်အတူ အဆိုပါ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်အပါအဝင် အမျိုးသားနှစ်ဦးကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် ထိန်းသိမ်းထားခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါ အရပ်ဝတ်ရဲနှင့်အတူပါလာ သည့် အမျိုးသားတစ်ဦးထံမှ ခဲများ၊ လေးခွ များ၊ ဓာတ်ဆီများကို တွေ့ခဲ့ရကြောင်း သိရသည်။
“ရဲအစစ်ဖြစ်တယ်ဆိုတာသိရတဲ့နောက် တာဝန်ရှိသူတွေလာခေါ်ရင် ပြန်အပ်နှံသွားဖို့ ဆောင်ရွက်နေပါတယ်။ နောက်နောင် အခုလို လူထုထဲမရှိစေဖို့တော့ လိုပါတယ်” ဟု ဆရာတော်တစ်ပါးက မိန့်ကြားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
