မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ရတနာထွန်း ပွဲရုံတန်းအနီးတွင် ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) ညနေ ၅ နာရီဝန်းကျင််က လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားပြည်သူ တစ်ဦးမှာလည်း ခြေထောက် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။
"ဈေးကြိုအဝိုင်းလမ်းဆုံနဲ့ ဈေးပွိုင့်လမ်းဆုံမှာ ရဲတွေနဲ့ တပ်မတော်က နေ့လယ်ပိုင်းကတည်းက နေရာယူထားကြတာ တွေ့ရတယ်။ အဲဒီနေရာဝန်းကျင်မှာ ဆန္ဒပြသူ သိပ်မရှိပေမဲ့ ညနေပိုင်းမှာ ဈေးကြိုကားဝန်းဝန်းကျင်၊ နောက် တက္ကသိုလ်ဘေးလမ်းဘက်၊ ဈေးကြိုကနေ ကျောက်မီးသွေးရုံဆင်းဘက် နေရာတွေမှာ သေနတ်လိုက်ပစ်တာတွေ ရှိတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ လိုက်ပစ်တာတွေ ရှိခဲ့တယ်။ ညနေ ၅ နာရီလောက်မှာ ဈေးကြိုရတနာထွန်းပွဲရုံအနီးမှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်ဦး ခေါင်းပွင့်ပြီး သေတယ်။ တစ်ယောက်ကတော့ ခြေထောက် ထိသွားတယ်။ သူတို့ကို ရဲက ဝင်ကောက်သွားတယ်" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။
မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းကတည်းက ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
