မန္တလေးမြို့ ၇၆ လမ်း နှင့် ၃၅ လမ်းတွင် ဦးခေါင်းကျည်ဆန်ထိမှန်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ သုံးဦးရှိကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ညနေ ၅ နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦးမှာ အဆိုပါလမ်းပေါ်သို့ အိမ်ရှေ့မှ ထွက်ကြည့်စဉ် ဦးခေါင်းအား ကျည်ဆန်ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ၆၄-၆၅ လမ်းကြား ၄၀ (A) လမ်းတွင်လည်း မွန်းလွဲပိုင်းက ဆိုင်ကယ်မောင်းနှင် သွားလာနေသူတစ်ဦး ဦးခေါင်းအား ကျည်ဆန်ထိမှန် သေဆုံးခဲ့သည် ။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာများတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ဖြစ်ပွားနေသည့် အခြေအနေမရှိဘဲ လမ်းတွင် သွားလာနေသူများ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ရဲတပ်ဖွဲ့နှင့် တပ်မတော်၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသူ ၁၆ ဦးနှင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး သေဆုံးသူများအနက် တစ်ဦးမှာ နှလုံးထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာကုသရေးစင်တာမှ သိရသော်လည်း မည်သည့်နေရာတွင် ဖြစ်ပွားကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
