မူဆယ်မြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်က ဌာနေတိုင်းရင်းသားပြည်သူများနှင့် ဒေသနေ ပြည်သူလူထုဆန္ဒပြပွဲ၌ ကားဖြင့်တိုက်၍ သေနတ်ပစ်ဖောက်ခဲ့သူလေးဦးအား သေနတ် တစ်လက်၊ ဓားတစ်ချောင်းနှင့်အတူ ရဲတပ်ဖွဲ့ ထံ အပ်နှံခဲ့ရကြောင်း သိရသည်။
“ကားနဲ့တိုက်တာကို ကျွန်တော့်မိန်းမက အနောက်ကအော်တယ်။ ကျွန်တော်က ရှောင် လိုက်တယ်။ ဒါပေမဲ့ ရှေ့ကလူကို ဆက်ပြီး တိုက်တယ်။ ပြောင်းပြန်ကြီးမောင်းပြီး လာ တိုက်နေပြီဆိုပြီးကြားတော့ ကျွန်တော်ရယ် ကောင်မလေးတစ်ယောက်ရယ် ဘေးပတ်ဝန်း ကျင်ကို လိုက်ပြီးဖမ်းပါတယ်။ ပြည်သူလူထု ကို ပြောပြီးလိုက်တဲ့အခါ သေနတ်နဲ့ သုံးချက် တိတိပစ်ပါတယ်။ မောင်းတဲ့သူက နောက် လှည့်ပြီး ပစ္စတိုနဲ့ပစ်တာ။ ပြည်သူတွေက ဝိုင်း ပြီး ဖမ်းဆီးလိုက်ပါတယ်။ သူကဆက်ပြီး တိုက် တယ်။ အားလုံးဝိုင်းဖမ်းပြီးတော့ ရဲလက်ထဲ ကိုအပ်ထားပါတယ်” ဟု ကားဖြင့်အတိုက်ခံရ သူက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၈ ဆန္ဒပြပွဲ၌ မူဆယ်မြို့ နယ် ဌာနေတိုင်းရင်းသားများနှင့် ဒေသနေ ပြည်သူတစ်သိန်းနီးပါးက အကြမ်းမဖက်ငြိမ်း ချမ်းစွာစီတန်းလှည့်လည်မှုကို နံနက် ၈ နာရီ ခန့်က မူဆယ်မြို့ ရဟတ်ယာဉ်ကွင်းမှစတင် ကာ မူဆယ်-နမ်းခမ်းပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၊တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက်စစ်ဆေးရေးဂိတ်နန်းတော်ဂိတ်၊ မန်းဝိန်းဂိတ်တို့၌ လူထုဆန္ဒပြခဲ့ပြီး မန်းဝိန်း ဂိတ်ရှေ့၌ ထိုင်သပိတ်ပြုလုပ်နေစဉ် ယင်းကဲ့ သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
ကားနှင့်တိုက်ပြီး သေနတ်ပစ်ဖောက်ခဲ့သူများအား ဆန္ဒပြပြည်သူများက လက်ရဖမ်းမိပြီး မန်းဝိန်းဂိတ်၌ ပိတ်ဆို့ တားဆီးထားသည့် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ထံသို့ သေနတ်တစ် လက်၊ ၎င်းကျည်အိမ်နှင့် ကျည်တောင့် အပြင် ဓား မြောင်တစ်ချောင်းကို ပေးအပ်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆန္ဒပြပြည်သူ တချို့အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲ တပ်ဖွဲ့က ၎င်းတို့ထံ အပ်နှံထားသူ လေးဦးအား ဆက်လက်စုံစမ်းဖော်ထုတ်မှုများပြုလုပ်မည် ဟု အဆိုပါနေရာတွင် တာဝန်ကျနေသော ရဲအရာရှိတစ်ဦးက ဆန္ဒပြပြည်သူများအားပြောကြားခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
