မြစ်ကြီးနားမြို့၌ ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) တွင် ဆန္ဒပြသပိတ်စစ်ကြောင်းများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဖမ်းဆီးခံရသူများ ရှိခဲ့ကြောင်း သိရသည်။
အထက ၂ မှ ထွက်လာသည့် ဆန္ဒပြသပိတ်စစ်ကြောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထွက်လမ်းတစ်လျှောက် ပိတ်ဆို့ထားခဲ့ပြီး အောင်နန်းရပ်ကွက် အောင်ချမ်းသာလမ်းဆုံ စိန်ကိုလဘန် ကစ်ကောလိပ်ကျောင်းထောင့်တွင် ပစ်ခတ်ဖြို့ခွဲခဲ့သဖြင့် အနည်းဆုံး ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်နန်းရပ်ကွက်တွင်လည်း ဆန္ဒပြသူ ဆယ်ဂဏန်းခန့် ဖမ်းဆီးခံခဲ့ရကာ အမျိုးသမီးများ အများစုပါဝင်ခဲ့ပြီး ယင်းအဖွဲ့တွင် The 74 Media မှ ဓါတ်ပုံသတင်းထောက် တစ်ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့နောက် တပ်ကုန်းစံပြ ဘောလုံးကွင်းမှ ထွက်လာသည့် သပိတ်စစ်ကြောင်းမှာလည်း ဖြိုခွဲခံခဲ့ရပြီး ဖမ်းဆီးခံရသူ မရှိကြောင်း သိရသည်။
ယနေ့တွင် မြစ်ကြီးနားမြို့၌ စျေးကြီးစျေးငယ်များ၊ အိမ်ဆိုင်အများစုများ ပိတ်သိမ်းခဲ့ပြီး ဆန္ဒပြပွဲတွင် လူအများအပြား ပါဝင်ခဲ့ကာ စုရပ်ဖြစ်သော မြစ်ကြီးနား မနောကွင်းတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား အမြောက်အများ ချထားမှုကြောင့် စုဝေးမှုကို အခြားနေရာများသို့ ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်မှာ ၂၁ ရက်ရှိခဲ့ပြီ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
