CRPH အနေဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိသည့်အပြင် ယင်းကော်မတီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီ MRTV ၏ သတင်းထုတ်လွှင့်မှုအရ သိရသည်။
အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာချက်ကာလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (ခ) အရ ထိုသို့အာဏာလွှဲအပ ်ဆောင်ရွက်ချိန်မှစ၍ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသည့် အဖွဲ့အစည်းဝင်များကို တာဝန်မှ ရပ်စဲထားသည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးထားပြီး ဖြစ်ပါကြောင်း ဖော်ပြထားသည်။
လက်ရှိဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် ရက်စွဲဖြင့် အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါကြောင်း၊ ယင်းအသိပေးကြေညာချက်တွင် နိုင်ငံတော်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရေး ဖြစ်စဉ်များသည် မဲမသမာမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြပါရှိသည်ဟု သိရသည်။
ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည့် အသိပေးကြေညာချက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ဆဲအဆင့်တွင် မိမိတို့သဘောအလျောက် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီက ဆောင်ရွက်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း၊ ကြေညာချက်၊ အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးခြင်း အစရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တည်ဆဲဥပဒေများအရ တရားဝင်ခြင်း မရှိကြောင်း ဖော်ပြထားသည်ဟု ကြေညာချက်အရ သိရသည်။
ယင်းအပြင်ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅ နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅ တို့တွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ရန် လိုအပ်ချက် သုံးချက်အနက် ဥက္ကဌရွေး ကောက်တင်မြှောက်ခြင်း မပြုရသေးပါက သဘာပတိ၏ ရှေ့မှောက်၌လည်းကောင်း၊ ဥက္ကဌရွေးကောက်တင်မြှောက်ပြီးပါက ဥက္ကဌ၏ ရှေ့မှောက်၌ လည်းကောင်း နောက်ဆက်တွဲ (ဃ) ပါအတိုင်း ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးခြင်းသူဖြစ်ခြင်း ဟူသည်အချက်ကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကတိသစ္စာ မပြုရသေးသူများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်မြောက်ခြင်း မရှိသေးကြောင်း တွေ့ရှိရသည်ဟု သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့် မရှိသေးသူများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သည့်အတွက် ယင်းတရားမဝင်ကော်မတီမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူအဆိုပါ CRPH မှ ပါဝင်ရန် ဆန္ဒမရှိသူများအနေဖြင့် နီးစပ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဆင့်ဆင့်ထံသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၆ ရက်အထိ ကာလအတွင်း လူကိုယ်တိုင် လာရောက်သတင်းပေးပို့ရန်နှင့် သတ်မှတ်ကာလအတွင်း သတင်းပေးပို့ပါက တစ်စုံတစ်ရာ ဆောင်ရွက်မှုပြုမည် မဟုတ်ဘဲ သတင်းပို့ခြင်းမရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MRTV သတင်းအစီအစဉ်၏ ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
