ဖေဖော်ဝါရီ ၂၇ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သူ အမျိုးသား ၂၉၆ နှင့် အမျိုးသမီး ၁၈၃ စုစုပေါင်း ၄၇၉ ဦး ဖမ်းဆီးခံရကြောင်း ည ၈ နာရီ MRTV သတင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ကြေညာချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးတံတားအောက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရင်ပြင်၊ တာမွေမြို့နယ် ငါးခွဆုံ၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီး၊ ဗဟန်းမြို့နယ် အိုးရှင်းစင်တာရှေ့၊ စင်ကာပူသံရုံးရှေ့၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်း စံရိတ်ငြိမ်မှတ်တိုင်အနီးတို့၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆန္ဒပြသူ အမျိုးသား ၁၀၆ ဦးနှင့် အမျိုးသမီး ၆၀ ဦး စုစုပေါင်း ၁၆၆ ဦး ဖမ်းဆီးခံရကာ လမ်းကန့်သတ်ထားသည့် မော်တော်ယာဉ် လေးစီး၊ ရွက်ဖျင်တဲ နှစ်ခုတို့ကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြပါရှိသည်။
အလားတူမန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ၆၆ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်း ကြား၊ လမ်း ၃၀၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ မန္တလေးဘူတာကြီးရှိ မဟာအောင်မြေမြို့နယ် ၅၈ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းအကြား၊ မဟာမြိုင်ရပ်ကွက် ၆၂ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင် ဆန္ဒပြသူ အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၃၉ စုစုပေါင်း ၉၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အေးသာယာရပ်ကွက်တွင် ဆန္ဒြုပသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၇၃ ဦး၊ တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့တို့တွင် ဆန္ဒပြသူ အမျိုးသား ခြောက်ဦးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင်လည်း ဆန္ဒပြသူ အမျိုးသား ခြောက်ဦး အသီးသီး ဖမ်းဆီးခံရကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်တွင် ဆန္ဒပြသူ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ ဦး၊ ကရင်ပြည်နယ်တွင် ဆန္ဒပြသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၁၅ ဦး၊ ကချင်ပြည်နယ်တွင်လည်း ဆန္ဒပြသူ အမျိုးသမီး နှစ်ဦးနှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆန္ဒပြသူ အမျိုးသား နှစ်ဦး စသဖြင့် အသီးသီးဖမ်းဆီးခံရကြောင်း MRTV သတင်းအစီအစဉ်၏ ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
