ကုသလမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သည့် အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ်သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုသည်ဟုဆိုကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းက ထုတ်လွှင့်သော MRTV သတင်းအစီအစဉ်၏ ကြေညာချက်အရ သိရသည်။
ကြေညာချက်တွင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ကုသသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရှင်းလင်းမှုပါဝင်သည့် အထွေထွေညီလာခံအလွတ်သဘော အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံ ခန်းမတွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက NLD ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို ကိုယ်စားပြုကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၏ သတင်းစကားကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
ယင်းကဲ့သို့ပြောကြားရာတွင် တပ်မတော်အစိုးရအား ဆန့်ကျင်ရန်၊ ထိုသို့ဆန့်ကျင်သူများအား နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများပေးရန်၊ CRPH ကိုထောက်ခံရန်၊ ဖမ်းဆီးခံရသူ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရန်၊ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး ဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက်ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံရုံး၊ အဖွင့်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ စာများပေးပို့ခြင်းသည် အဖျက်အမှောက်လုပ်ဆောင်ချက်သာဖြစ်၍ အဆိုပါစာများကို တရားဝင်လက်ခံခြင်း၊ ပြန်ကြားခြင်းနှင့် မှတ်ချက်ပြုခြင်း တစ်စုံတစ်ရာ လုံးဝမပြုလုပ်ရန် ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီးမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှပေးအပ်သည့် အမိန့်နှင့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ နိုင်ငံတော်အစိုးရအား ကိုယ်စားပြုခြင်းမရှိသည့် တရားမဝင်အဖွဲ့အစည်းအား သစ္စာခံလျက် ကူညီကိုယ်စားပြုလုပ်ဆောင်ရွက်ခြင်း၊ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို အလွဲသုံးစာပြုခြင်းတို့ကြောင့် ၎င်းအား ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ပြီးဖြစ်ကြောင်း MRTV သတင်းအစီအစဉ်၏ ကြေညာချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
