တပ်မတော်ရေယာဉ်ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိလာသည်။
မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တပ်မတော်မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်) တို့ဖြင့် မလေးရှားနိုင်ငံတွင် သွားရောက်ခေါ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေယာဉ်များသည် မလေးရှားနိုင်ငံ လူမွတ်ရေတပ်ဆိပ်ကမ်းမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြန်လည်ထွက်ခွာလာခဲ့ကာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသော စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃)ရေတပ်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသူများကို ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တပ်မတော်(ရေ)မှ တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။
ယခုပြန်လည်ခေါ်ဆောင်လာသူများသည် မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ရန်အခက်အခဲတွေ့နေသူများဖြစ်ပြီး စုစုပေါင်း ၁၀၈၆ ဦးဖြစ်ကြောင်းသိရသည်။
ယင်းသို့ခေါ်ဆောင်လာသူများအား တပ်မတော်က ဖွင့်လှစ်ထားသော Quarantine Centre များတွင် COVID-19 စည်းကမ်းများနှင့်အညီ စနစ်တကျစောင့်ကြည့်ထားရှိပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
တပ်မတော်စစ်ရေယာဉ်များသည် မလေးရှားနိုင်ငံ လူမွတ်ရေတပ်ဆိပ်ကမ်းသို့ရောက်ရှိစဉ် မြန်မာနိုင်ငံသားများ လွှဲပြောင်းလက်ခံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ သံအမတ်ကြီး ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများဖြင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
