တောင်ကြီး ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ ဟိုတယ်ကြီးလေးလုံးတွင် ပါဆယ်ဗုံးထောင်ထားသည်ဟု ဖုန်းဆက်သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ၂ရရက် နံနက်ပိုင်းတွင် ဟိုတယ်လေးလုံးထံသို့ ပါဆယ်ဗုံးများ ထောင်ထားကြောင်း ဖုန်းဆက်၍ သတင်းပေးခဲ့သဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့မှ ဟိုတယ်များတွင် လိုက်လံရှာဖွေနေကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ UCT Hotel၊ Cherry Queen Hotel၊ Grace Hotel၊Treasure Place Hotel တို့တွင် ပါဆယ်ဗုံးများ ထောင်ထားသည်ဟု ဟိုတယ်တာဝန်ခံထံ အမည်မသိလူတစ်ဦးက ဖုန်းဆက်သတင်းပေးသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှ မိုင်းရှင်းလင်းရေး ရှာဖွေရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ UCT Hotel ကို နေ့လည် ၁၁ နာရီတွင် သွားရောက် စစ်ဆေးရှာဖွေခဲ့ရာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုမျှ မတွေ့ရဘဲ လွန်ခဲ့သော နှစ်ရက်က လာရောက်ပို့ဆောင်ခဲ့သော ရွှေပဲဆီသန့် စက္ကူဂျပ်ဖာတစ်လုံးသာ ရှိခဲ့ကြောင်း၊ အခြားမည်သည့်အရာမျှ ရှာတွေ့ခြင်းမရှိခဲ့ကြောင်း ဟိုတယ်တာဝန်ခံဖြစ်သူက ဆိုသည်။
“မနက်ပိုင်း ၉ နာရီ ၂၀ လောက်မှာ ဖုန်းတစ်ကော ဝင်လာတယ်။ အဲဒီဖုန်းကနေ ဒီဟိုတယ်မှာ ဗုံးထောင်ထားပါတယ်။ နေ့ခင်း ၁ နာရီခွဲဆိုရင် ပေါက်ကွဲနိုင်မှာဖြစ်တဲ့အတွက် သတင်းရထားတဲ့အတွက် လူတွေရဲ့ အသက်အန္တရာယ်မရှိအောင် သတင်းပေးခြင်းဖြစ်တယ်။ ဘယ်သူဘယ်ဝါ ပြောပိုင်ခွင့်မရှိဘူး။ သူ့အနေနဲ့ သတင်းရလို့ ပြောပေးတယ်လောက်ပဲ ပြောသွားတယ်။ လောလောဆယ်ရှာတော့ ဘာမှမတွေ့ဘူး။ သက်ဆိုင်ရာလာရှာတော့ အဲဒီဖုန်းကို ပြန်ခေါ်ပေးတယ်။ သူတို့ ဘယ်သူဘယ်ဝါ ပြောပိုင်ခွင့်မရှိဘူး၊ အဲဒါ ပဲပြောသွားတယ်” ဟု တာဝန်ခံ ဦးညီညီအောင်က ဆိုသည်။
အဆိုပါ UCT Hotel ကို စစ်ဆေးပြီး ကျန်ရှိနေသော Cherry Queen Hotel၊ Grace Hotel နှင့် Treasure Place Hotel တို့ကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
တောင်ကြီးမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်သော ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းအချိန်တွင် မြို့ခံများ သံပုံးတီး ကန့်ကွက်ခဲ့ခြင်းဖြစ်စဉ်နောက်ပိုင်း၊ နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်ကို ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ဆန္ဒပြသူများအား သွားခွင့်မပြုတော့ဘဲ လမ်းပိတ်ထားပြီး ရဲတပ်ဖွဲ့လုံခြုံရေးအင်အားအပြည့် ဆောင်ရွက်ထားရှိသည်မှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဒုတိယမြောက်ရက်အဖြစ် မင်းလမ်းကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ပိတ်ဆို့ကာရန်ထားသဖြင့် ဆန္ဒဖော်ထုတ်သူများသည် အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းအတိုင်း ဆက်လက်ချီတက်လမ်းလျှောက်နေကြခြင်း ဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
