မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်စဉ်ကြောင့် သြစတြေးလျ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ Woodside က လုပ်ငန်းအားလုံး ရပ်ဆိုင်းထားကြောင်း သတင်းထုတြ်ပန်ထားသည်။
ဖေဖော်ဝါရီ ၁ ရက်ကစပြီးဖြစ်ပေါ်ခဲ့သော နိုင်ငံရေးဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီး လူ့ အခွင့်အရေးချိုးဖောက်မှုသတင်းများအရ ၎င်း၏ ကမ်းလွန်တူးဖော်ရေးလုပ်ငန်းကို အပြည့်အဝ ဖယ်ရှားပစ်မည်ဟု မျှော်လင့်ရသည်။
ဖေဖော်ဝါရီ ၁ ရက်ကစပြီး မြန်မာနိုင်ငံသည် မငြိမ်မသက်ဖြစ်ခဲ့ပြီး စစ်အစိုးရအပေါ် လူထုဆန္ဒပြမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်သော မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများများသည် အလွန်စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု Woodside က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဖြစ်ရပ် များမှစတင်၍ မြန်မာပြည်သူလူထု၏ စိုးရိမ် ပူပန်မှုများကို Woodside က စောင့်ကြည့် လေ့လာခဲ့ပြီး Woodside အနေဖြင့် မြန်မာ ပြည်သူများကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး ငြိမ်းချမ်းစွာလျှောက်လှမ်း နိုင်သည်ကုုိ မြင်တွေ့ရန် မျှော်လင့်သည်ဟု ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံရဲ့ အလားအလာနဲ့ နိုင်ငံ ရေးတည်ငြိမ်မှုတိုးတက်လာတာကို မတွေ့ ရသေးခင်မှာ Woodside ရဲ့ စီးပွားရေးဆုံး ဖြတ်ချက်အားလုံးကို ပြန်သုံးသပ်မှာပါ” ဟု Woodside က ပြောကြားသည်။
Woodside သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန် မာ့ကမ်းလွန်တွင် တွင်း ၁၀ တွင်းခန့်တူးဖော် ကာ ဓာတ်ငွေ့သိုက်အသစ်များ ရှာဖွေပေး ခဲ့သည့် အောင်မြင်သည့်ကုမ္ပဏီတစ်ခုဖြစ် သည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကမ်းလွန်စီမံ ကိန်းလေးခုမှ တစ်ရက်လျှင် သဘာဝဓာတ် ငွေ့ ကုဗပေ သန်း ၁၇၀၀ ခန့် ထုတ်လုပ်လျက် ရှိပြီး ပြည်ပသို့ ကုဗပေသန်း ၁၃၀၀ ခန့်၊ ပြည်တွင်းသို့ ကုဗပေသန်း ၄၀၀ ခန့်ပို့လွှတ် နေကာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ နေ့စဉ်သန်းဆယ်ဂဏန်းရှာဖွေပေးနေခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံအခြေစိုက် Woodside သည် ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း တစ်ခုဖြစ်ပြီး ရေနက်ပိုင်းရှာဖွေရေးတွင် နည်းပညာမြင့်မားသောကုမ္ပဏီဖြစ်သည်။ မြန်မာ့ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များ ဖြစ်သော AD – 7 (Posco Daewoo ) AD – 1 , AD-8 (CNPC) နှင့် A-6 (MPRL E& P) ၏ ရေနက်ပိုင်းရှာဖွေရေးများတွင် ပူးပေါင်းပါဝင်ကာ တူးဖော်ရေးတာဝန်ယူခဲ့ ပြီး သဘာဝဓာတ်ငွေ့သိုက်အသစ်များတွေ့ ရှိခဲ့သည်။ မြန်မာ့ကမ်းလွန်ရေနက်ပိုင်းတွင် ရှာဖွေရေးတွင်းများစွာတူးခဲ့ပြီး ၎င်း၏ရင်းနှီး မြှုပ်နှံမှုသည် ဒေါ်လာသန်းရာဂဏန်းများ စွာရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေတိမ်ပိုင်း တွင် သဘာဝဓာတ်ငွေ့သိုက် ကြီးကြီးမားမား တွေ့ရှိရန် အလားအလာအလွန်နည်းပါးနေ ခြင်းကြောင့် ကမ်းလွန်ရေနက်ပိုင်းကိုသာ အားကိုးရဖွယ်ရှိနေသည်။
လက်ရှိစီမံကိန်း လေးခု၏ ထုတ်လုပ်မှုမှာ ၂၀၁၄ ခုနှစ်တွင် စတင်ကျဆင်းခဲ့ရာ လာမည့်နှစ်များတွင် သိ သိသာသာကျဆင်းလာမည်ဖြစ်ပြီး နိုင်ငံ၏ အဓိကဝင်ငွေ ကျဆင်းလာသကဲ့သို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလည်း လျော့နည်း လာစေမည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
