ATM/POS မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ/အဖွဲ့ အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေသားစီမံခန့်ခွဲမှု ချောမွေ့အဆင်ပြေစေရေး လိုက်နာဆောင်ရွက်ရန်ကိစ္စအဖြစ် ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန်၊ ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိရာ အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများနှင့် ဝန်ဆောင်မှုများကို ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။ အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် ဘဏ်များအနေဖြင့် အောက်ဖော်ပြပါသတ်မှတ်ချက်များကို ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှစ၍ ယာယီလိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်သည်။
အဆိုပါအချက်များမှာ (က) အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေခြင်း/စာရင်းပြောင်းနည်းဖြင့် ပေးချေခြင်းတို့ကို ဦးစားပေး ဆောင်ရွက်သွားရန်ဖြစ်သည်။ (ခ) ငွေသားထုတ်ယူခြင်းအတွက် ငွေစာရင်း အမျိုးအစားအလိုက် ကန့်သတ်ချက်များကို အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ (၁) (ATM/POS Card Less Withdraw အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း၊ ဘဏ်ငွေ စာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ ဖြစ်သည်။
(ဂ) Time Deposit ငွေစာရင်း သက်တမ်းစေ့ရောက်ပါက ထပ်မံအပ်နှံခြင်း သို့မဟုတ် Saving AC/Call AC/Current AC နှစ်သက်ရာသို့ စာရင်းပြောင်းထည့်သွင်းပေးပြီးနောက် ငွေသားထုတ်ယူလိုပါက် အပိုဒ် (ခ) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။
(ဃ) အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းကြီးများ၏ လကုန်ရက်တွင် လုပ်ခ/လစာပေးချေမှုများအတွက် လိုအပ်ချက် အပေါ်မူတည်၍ ဘဏ်များအနေဖြင့် မိမိ၏ ငွေကြေးလက်ကျန်အခြေအနေအရ စိစစ်ထုတ်ပေးရန်နှင့် လိုအပ်ပါက ဗဟိုဘဏ်သို့ တင်ပြဆောင်ရွက်သွားရန်ဖြစ်သည်။
အစိုးရဌာနဆိုင်ရာများ၏ ငွေပေးချေမှုျားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော CBM/Net-System ကို အသုံးပြု၍ ဘဏ်ရှိစာရင်းများမှတစ်ဆင့် ငွေပေးချေသည့် နည်းလမ်းများ၊ ဗဟိုဘဏ်မှ ခွင့်ပြုချက်ရရှိထားသော ဘဏ်နှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဆောင်ရွက်နေသော အီလက်ထရောနစ် ငွေပေးချေမှုနည်းလမး်များ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ၊ Cheque/PO များကို ဦးစားပေးဆောင်ရွက်ရန်နှင့် မိမိတို့ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ငွေသားသုံးစွဲမှုလျှော့ချရေးကို အဓိကဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။
အဆိုပါ ငွေသားထုတ်ယူမှုကန့်သတ်ချက်များအား ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သည့်အချိန်အခါတွင် ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
