အစ္စရေးက ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ်ဆင်ရန် အသင့်ပြင်ထားချိန်တွင် နာရီပိုင်းအတွင်း အစ္စရေးကို လက်ဦးမှုရယူတိုက်ခိုက်နိုင်ခြေရှိသည်ဟု အောက်တိုဘာ ၁၆ ရက်တွင် အီရန်က သတိပေးလိုက်သည်။
ပိတ်ဆို့ခံထားရသည်မှာကြာပြီဖြစ်သော ဂါဇာကိုဆင်နွှဲမည့် မြေပြင်ကျူးကျော်ထိုးစစ်သည် အခြားသော စစ်မျက်နှာများမှ တုံ့ပြန်မှုကိုရင်ဆိုင်ရလိမ့်မည်ဟု အီရန်က ထပ်တလဲလဲသတိပေးထားရာ အခြားနိုင်ငံများပါ ပါဝင်လာနိုင်သည့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်ပွားလာမည့် စိုးရိမ်ပူပန်မှုများရှိလာသည်။
“တော်လှန်ရေးမဟာမိတ်အဖွဲ့ရဲ့လက်ဦးမှု ရယူတိုက်ခိုက်မှု ဖြစ်နိုင်ခြေဟာ လာမယ့်နာရီပိုင်းအတွင်းဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟု အစိုးရပိုင် ရုပ်သံ၏ တိုက်ရိုက်ထုတ်လွှင့်ချက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အမီးအဗ္ဗဒူလာဟီရန်က ပြောကြားသွားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်တွင် ၎င်းနှင့် ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန်နာဆရယ်လာတို့ တွေ့ဆုံမှုကို ၎င်းက ရည်ညွှန်းသွားခြင်းဖြစ်သည်
နိုင်ငံရေးဆိုင်ရာ အဖြေတစ်ရပ်ရရှိရန် အချိန်ကုန်ဆုံးသွားပြီဟု အောက်တိုဘာ ၁၆ ရက် စောစောပိုင်းတွင် အီရန်သမ္မတအီဗရာဟင်ရိုင်ဆီက ပြောကြားခဲ့ပြီး အစ္စရေး-ဟားမာ့စ် ပဋိပက္ခက အခြားစစ်မျက်နှာများထံ ရောက်လာသည်ဟု သတိပေးပြောကြားခဲ့သည်။
တော်လှန်ရေးခေါင်းဆောင်များက ဂါဇာတွင် အစ္စရေးကို လုပ်ချင်ရာလုပ်ခွင့်ပေးမည်မဟုတ်ဟု အောက်တိုဘာ ၁၆ ရက်တွင် အမီးအဗ္ဗဒူလာဟီရန်ကပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဒီကနေ့မှာ ဂါဇာကို အကာအကွယ်မပေးဘူးဆိုရင် မနက်ဖြန်ကျွန်တာ်တို့ နိုင်ငံရဲ့ ကလေးဆေးရုံမှာ အဲ့ဒီ(ဖော့စဖရပ်)ဗုံးတွေကို ကျွန်တော်တို့ ကာကွယ်ကြရပါမယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
