အမေရိကန်က နျူကလီးယားအင်အားဖြင့် ကြီးစိုးရန်ကြိုးပမ်းနေစဉ် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်သည် နျူကလီးယားစစ်ပွဲကိုဟန့်တားရန် မိမိကိုယ်ကို ကာကွယ်မှုသာဖြစ်သည်ဟု မြောက်ကိုရီးယား ၏ နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် KCNA က အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးသိပ္ပံမှ သုတေသနပညာရှင် တစ်ဦးဖြစ်သည်ဟု KCNA က ဖော်ပြထားသည့် ကင်ကွမ်မြောင်က အမေရိကန်သည် ၎င်းင်း၏နျူကလီးယား အစီအစဉ်ကို အသုံးချ၍ ဒေသတွင်း၌ တင်းမာမှုများဖြစ်လာစေရန် လှုံ့ဆော်နေသည်ဟု စွပ်စွဲခဲ့ပြီး ယင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေသည့် မဟာဗျူဟာရေးရာ မတည်ငြိမ်မှုကိုဖြစ် စေသည်ဟုလည်း ၎င်းက အပြစ်တင်ခဲ့သည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်နိုင်စွမ်းရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အပါအဝင် ဒုံးကျည်စမ်းသပ်မှုများကို ပုံမှန်လုပ်ဆောင်နေခြင်းကြောင့် ဒေသတွင်း၌ စိုးရိမ်မှုများ ဖြစ်ပေါ်နေစဉ် အဆိုပါမှတ်ချက်စကား ထွက်ပေါ်လာ ခြင်းဖြစ်သည်။
အမေရိကန်၏ မဟာဗျူဟာ မူဝါဒရေးရာ ကော်မရှင်က ရုရှား၊ တရုတ်တို့နှင့် တစ်ပြိုင်နက်တည်း စစ်ပွဲဖြစ်ပွားနိုင်ခြေအတွက် ပြင်ဆင်သည့်အနေဖြင့် နိုင်ငံ၏နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်ရန် တိုက်တွန်းမှုသည် အလွန်အန္တရာယ်များသည့် နောက်ထပ်လက္ခဏာတစ်ခုဖြစ်ပြီး ဗိုလ်ကျလွှမ်းမိုးသည့် လုပ်ရပ်ဖြစ်သည်ဟု ကင်ကွမ်မြောင်က ဆိုသည်။
“ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အင်အားအကြီးဆုံးနဲ့ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်ကို ပထမဆုံးအသုံးပြုတဲ့ နိုင်ငံဖြစ်သလို တခြားနိုင်ငံတွေကို နျူကလီးယားနဲ့ လက်ဦးမှုယူတိုက်ခိုက်ခြင်းကို နိုင်ငံတော်မူဝါဒအဖြစ်ကျင့်သုံးနေတဲ့ အမေရိကန်ကတခြားတစ်ယောက်ရဲ့ နျူကလီးယားခြိမ်း ခြောက်မှုအကြောင်း ပြောနေပါတယ်။ အဲဒါက အတွေးအခေါ် လွဲမှားမှုတစ်ခုဖြစ်တယ်”ဟုလည်း ၎င်းကပြောကြားသည်။
အမေရိကန်သည် ဒုံးလက်နက်ကာကွယ်ရေးစနစ်ကို တည်ဆောက်ခြင်းဖြင့် မြောက်ကိုရီးယားအား နျူကလီးယားဖြင့် လက်ဦးမှုယူ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ရန်ကြိုးပမ်းနေပြီး ဒေသတွင်း၌ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများနှင့် အဆင့်လွန် စစ်လက်နက်များ ဖြန့်ကြက်နေသည်ဟု ကင်က စွပ်စွဲခဲ့သည်။
ကမ္ဘာ့နိုင်ငံရေးလေ့လာမှုဆိုင်ရာ အဖွဲ့အစည်းမှ သုတေသီတစ်ဦးဖြစ်သူ ကင်တုံမြောင်ကလည်း Setadfast Noon ဟုအမည်ရသော နေတိုးမဟာမိတ်အဖွဲ့၏ နှစ်စဉ်ပြုလုပ်မြဲ နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို ဝေဖန်ပြစ်တင်ခဲ့သည်။
မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ရော်နယ်ရေဂင် ဦးဆောင်သော အမေရိကန်၏ တိုက်ခိုက်ရေး စစ်ရေယာဉ်စုသည် အောက်တိုဘာ ၁၂ ရက်က တောင်ကိုရီးယားအရှေ့တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ဘူဆန်သို့ ရောက်ရှိလာခဲ့သည်။မြောက်ကိုရီးယားကမူ ယင်းနှင့်ပတ်သက်၍ ပြင်းထန်စွာဝေဖန်ခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
