အစ္စရေးနိုင်ငံက အောက်တိုဘာ ၁၇ ရက်တွင် ဂါဇာမြို့ရှိ အယ်အာလီအာရပ်ဆေးရုံကို ဗုံးကြဲ တိုက်ခိုက်သဖြင့် လူရာချီ သေဆုံးသွားသည်ဟု ပါလက်စတိုုင်းအာဏာပိုင်များက ပြောကြားသည်။
အယ်အာလီအာရပ်ဆေးရုံခေါ်Alahli Baptist ဆေးရုံသည် ပေါက်ကွဲမှုဖြစ် ပွားချိန်တွင် နေရပ်စွန့်ခွာလာသူ ထောင်ချီ ခိုလှုံနေသောဆေးရုံဖြစ်သည်ဟု ပါလက် စတိုင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။ သေဆုံးသူအများအပြားသည် အပျက်အစီးများအောက်တွင်ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုအတွက် မည်သူ့တွင် တာဝန်ရှိသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပါ လက်စတိုင်းစစ်သွေးကြွ အုပ်စု ဟားမာ့စ်က အစ္စရေးစစ်တပ် ပစ်လိုက်သောဒုံးကျည် ကြောင့်ဟုဆိုသည်။ အစ္စရေးကလည်း ဟားမာ့စ်တို့ဘက်ကပစ်လိုက် သောဒုံးကျည်သည် ပစ်မှတ်ထံမရောက်ဘဲကျရောက် ပေါက် ကွဲခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ သေဆုံးသူအရေ အတွက်သည် အနည်းဆုံး ၅၀၀ ရှိမည်ဟု အေအက်ဖ် ပီက ဖော်ပြသည်။ ဘီဘီစီကမူ သေဆုံးသူ ၁,၀၀၀ ရှိမည်ဟု သတင်းဖော်ပြထားသည်။
အယ်အာလီအာရပ်ဆေးရုံသည် မဖြစ်မနေ နေရပ်စွန့်ခွာခဲ့ကြရသော ပြည်သူထောင်ပေါင်းများစွာ ခိုလှုံလျက်ရှိသည့် ဂါဇာမြို့က ခိုလှုံရာနေရာဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဆေးရုံ၌ ပေါက်ကွဲခြင်းကြောင့် လူ ၅၀၀ ကျော်သေဆုံးသွားသည်ဟု ဟားမာ့စ်အုပ်စုက ပြောသည်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကမူ လူ ၂၀၀ မှ ၃၀၀ အကြားသေဆုံးသည်ဟု ကနဦးခန့်မှန်းထားကြောင်း အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
