ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပါလက်စတိုင်းသမ္မတ မာမွတ်အားဘတ်စ် တို့နှင့် အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို ဂျော်ဒန်ဘက်က ဖျက်သိမ်းလိုက်သည်။
"အမေရိကန်ဟာ ဟားမာ့စ်နဲ့ အစ္စရေးအကြား စစ်ပွဲကိုရပ်တန့်နိုင်မယ့် ဆုံးဖြတ်ချက်မျိုး ချနိုင်မှာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း အမ်မန်မှာပြုလုပ်မယ့် အစည်းအဝေးကို မလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်" ဟု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်ဆာဒါဖီက ကြေညာခဲ့သည်။
နဂိုက အစည်းအဝေးတွင် အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီလည်း ပါဝင်ဆွေးနွေးရန် စီစဉ်ထားပြီး အမေရိကန်၊ ပါလက်စတိုင်း ၊ အီဂျစ်တို့နှင့် တိုင်ပင်ပြီးမှ အစည်းအဝေးကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ဂါဇာဆေးရုံကို တိုက်ခိုက်လိုက်ခြင်းသည် အလွန်ယုတ်မာပြီး သည်းမခံနိုင်ဖွယ် စစ်ရာဇဝတ်မှုဖြစ်ကြောင်းလည်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
အစည်းအဝေးပျက်သွားသည့်အတွက် ဂျိုးဘိုင်ဒင်က ဂျော်ဒန်ကို မသွားတော့ဘဲ အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးကိုသာ သွားတော့မည်ဟု အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ထားသည်။
လူ ၅၀၀ နီးပါးသေဆုံးခဲ့ရသည့် ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ပါလက်စတိုင်းဘက်က အစ္စရေးလက်ချက်ဟု ပြောဆိုနေပြီး အစ္စရေးဘက်ကမူ ဆေးရုံကို တိုက်ခိုက်ပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် ပါလက်စတိုင်းအစ္စလမ်မစ်ဂျီဟတ် အမည်ရှိ စစ်သွေးကြွအဖွဲ့က ပစ်လွှတ်လိုက်ခြင်းဖြစ်ကာ တကယ်က အစ္စရေးဘက်ကိုချိန်ပစ်ခြင်းဖြစ်ပြီး လမ်းကြောင်းသွေဖယ်သွားခြင်းဖြစ်သည်ဟု တန်ပြန်စွပ်စွဲနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
