လူ ၅၀၀ နီးပါးသေဆုံးခဲ့ရသည့် ဂါဇာ ဆေးရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အချိန် စေ့သွားပြီဟု အောက်တိုဘာ ၁၈ ရက်တွင် ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက အစ္စရေးကို သတိပေးလိုက်သည်။
ဂါဇာ၌ ပါလက်စတိုင်းများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အစ္စရေး တာဝန်ရှိသူများကို တရားစွဲရမည်ဟု အီရန်ဥသျှောင် အယာတိုလာခါမေနီက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက ၎င်း၏ တရားဝင်လူမှုမီဒီယာ X တွင် “အချိန်စေ့ပြီ” ဟု ရေးထားသောပို့စ်ကို အောက်တိုဘာ ၁၈ ရက်တွင် တင်ခဲ့သည်။
ဂါဇာကမ်းမြောင်ရှိ ဆေးရုံတစ်ခု၌ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လက်နက်မဲ့၊ အကာအကွယ်မဲ့ ပြည်သူ ရာချီ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ဖြစ်ခဲ့သည်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုတ်ချခဲ့ပြီးနောက် ဆီးရီးယားရှိ အီရန်သံရုံးက အထက်ပါပို့စ်ကို တင်လိုက်ခြင်း ဖြစ်သည်။
ဂါဇာရှိ ပါလက်စတိုင်းသားများကို ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အစ္စရေး တာဝန်ရှိသူများကို တရားစွဲရမည်ဟု အောက်တိုဘာ ၁၇ ရက်တွင် အယာတိုလာအလီခါမေနီက ပြောကြားသည်ဟု အီရန်အစိုးရရုပ်သံ၏ သတင်းဖော်ပြချက်ကို ရိုက်တာက ကိုးကား ဖော်ပြခဲ့သည်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လေယာဉ်ပြေးလမ်းပျက်စီးသွားသော ဒမတ်စကတ်လေဆိပ်၌ အောက်တိုဘာ ၁၉ ရက်တွင် လေယာဉ်များ အတက်အဆင်း ပြန်လုပ်နိုင်တော့မည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
