အက်စ်ပန်ညို - မာယော့ကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၇:၃၀ နာရီ)
မာယော့ကာကတော့ အဝေးကွင်းမှာ တိုက်စစ်မရှိ၊ ခံစစ် ပိတ်ကစားရင်းအမှတ်ရှာနေပေမဲ့ ထင်သလောက်အဆင်မပြေဘူးဖြစ်နေတယ်။ အခုလည်း အက်စ်ပန်ညိုရဲ့ အိမ်ကွင်းအားကို တောင့်ခံဖို့မလွယ်ပါဘူး။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းပါပဲ။
ကာဒစ်ဇ် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၉:၄၅ နာရီ)
ဗယ်လက်ကာနိုက ကွင်းမရွေးဘဲ ကစားနိုင်တယ်ဆိုပေမဲ့ ကာဒစ်ဇ်ကွင်းမှာတော့ အစဉ်အလာတွေအရ အိမ်ရှင်ကို ယှဉ်နိုင်လေ့သိပ်မရှိပါဘူး။ ကာဒစ်ဇ်ကလည်း ခုနောက်ပိုင်းအိမ်ကွင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုကစားပြနိုင်လို့ ကာဒစ်ဇ်ကိုပဲရွေးထားသင့်တဲ့ပွဲဖြစ်နေတယ်။ ဂိုးနည်းမယ်။
ရီးယဲလ်မက်ဒရစ် - အက်သလက်တီကိုမက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် ည ၁၂:၀၀ နာရီ)
မက်ဒရစ်ဒါဘီဆိုပေမဲ့ ရီးယဲလ်ပဲအသာစီးယူထားတာ များပါတယ်။ အခုလည်း ဘာနေဗျူးမှာကစားရမှာဆိုတော့ ရီးယဲလ်အတွက်ပဲ အခွင့်အရေးပိုကောင်းနေတယ်။ လက်ရှိရီးယဲလ်ကစားပုံကလည်း ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် လာလီဂါ (၂)ပွဲဆက်အနိုင်ရထားသလို၊ ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်ကို (၅)ဂိုးအထိသွင်းပြီး ယုံကြည်မှုပြည့်နေတဲ့ ပုံစံကိုပြသနိုင်ခဲ့တယ်။ ကွင်းလယ်မှာ ချူယာမန်နီ ဒဏ်ရာပြဿနာရှိနေပေမဲ့ ဂိုးသမားကော်တိုအာနဲ့ တိုက်စစ်မှူး ဘန်ဇီမာတို့ ပြန်လည်ပါဝင်လာနိုင်လို့ တိုက်စစ်၊ ခံစစ်ဟန်ချက်လည်းပြန်ညီလာတယ်။ အက်သလက်တီကိုကလည်း အခုနောက်ပိုင်းကစားပုံမဆိုးလှဘူး။ ဒါပေမဲ့ အက်သလက်တီကိုခံစစ်ပြန်လည်တည်ငြိမ်ပြီလားဆိုတာတော့ စောင့်ကြည့်ရဦးမယ့်အခြေအနေမျိုးပါပဲ။ ရီးယဲလ်နဲ့ ဂိုးအနည်းပဲရွေးထားမယ်။
ဗလင်စီယာ - ဆိုစီဒက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၂:၃၀ နာရီ)
အဆင့် (၄)နေရာမြဲအောင် ဆိုစီဒက်ကြိုးစားနေတယ်။ ခုနောက်ပိုင်း ခြေစွမ်းပိုင်းနည်းနည်းယိမ်းယိုင်လာနေသလို ရှိနေပေမဲ့ အခုရင်ဆိုင်ရမယ့် ဗလင်စီယာကလည်း ပိုဆိုးနေတဲ့အသင်းဆိုတော့ ဆိုစီဒက်အတွက်မျှော်လင့်ချက်ပြန်ထားလို့ရနေတယ်။ ဗလင်စီယာကလည်း နည်းပြသစ် ဘရာဟာလက်ထဲမှာ အသားကျဖို့ အချိန်ပေးရဦးမယ်။ ဒါပေမဲ့နည်းပြသစ်ရဲ့အိမ်ကွင်းပွဲဦးထွက်ဖြစ်လို့ ဗလင်စီယာတို့ ရုန်းကန်လာနိုင်တာက ဆိုစီဒက်အတွက်စိန်ခေါ်မှုပါပဲ။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
