ရီးယဲလ်ရဲ့ Icon အသစ်ဟာ ဘယ်သူလဲဆိုရင်ပြောရခက်လိမ့်မယ်။ စီရော်နယ်လ်ဒို ခေတ်လွန် ပျောက်ဆုံးနေတဲ့အမှန်တရားလို့လည်း ဆိုနိုင်တယ်။ ဘန်ဇီမာလား၊ သူဟာ တရွေ့ရွေ့ စီးဆင်းနေဆဲ တော်ဝင်မြစ်တစ်စင်းဆိုတာ အငြင်းပွားဖွယ်ရာမရှိပါ။ ဒါပေမဲ့ အနာဂတ် ခပ်လှမ်းလှမ်းဆီ မျှော်ကြည့်ရင် ဘယ်သူဟာ ဘယ်အချိန်မှာ ဘယ်လိုပေါက်ကွဲဖူးဝေလာမလဲ၊ ကျဉ်းမြောင်းတဲ့ လမ်းလေးထဲ သေလုမျောပါး ပြေးလွှားနေရသလို တွေးတောကြည့်ရုံနဲ့ ရင်မောရတာမျိုး၊ အချိန်ခရီးသွားတစ်ယောက် လာပြောသလိုမျိုးအတိအကျမဟုတ်ပေမဲ့ ရီးယဲလ်ရဲ့ ဖူးဝေကြယ်ဟာ ဗင်နီစီယက်စ်ဆိုရင် ဘယ်လိုသဘောရမလဲ၊ ဟာ နေစမ်းပါကွာဆိုပြီး ညည်းတွားကြမလား။ ခေတ်သစ်ဘရာဇီးလ် တည်ရှိမှုတွေဟာ ခေတ်ဟောင်း ဘရာဇီးလ်ဒဏ္ဍာရီကို ပျက်ရယ်ပြုနေသလိုမျိုး ဘရာဇီးလ်ထုတ်ကုန်တွေရဲ့ ပျံ့နှံ့အားဟာ အချိန်မတန်မီ သက်တမ်းကုန်သွားတတ်တယ်။ အပျော်အပါးမက်တာတွေ၊ လူမှုရေး ပြဿနာတွေ အခြားသော ရေထွက်ရာအရပ်တွေဆီ ကိုယ့်သိက္ခာချနင်းပြီး ရေခပ်ဆင်းတာတွေ၊ ဘရာဇီးလ်သားတွေရဲ့ ညှိုးရော်လွယ်မှုဟာ The Best ဆိုတဲ့ စကားလုံးဆီ မရောက်နိုင်ဘူး။ Ballon d'Or အိပ်မက်ဆီ မကူးခတ်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ဆူဆိုက်လုပ်သလို ကွယ်လွန်စေတဲ့ ရွှေရောင်ငါးတွေ . . . ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
