ဘာစီလိုနာအသင်းနည်းပြ ဇာဗီက နူးကမ့်မှာ မက်ဆီ၏အိမ်ဖြစ်ပြီး ၎င်းအတွက် အမြဲတမ်း တံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။
မက်ဆီ (၃၅ နှစ်)နှင့် PSG အသင်း၏စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး မကြာသေးမီက ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာနှင့် မက်ဆီ၏ ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီတို့ တွေ့ဆုံခဲ့ကြောင်း စပိန်သတင်းဌာနများက ယခုရက်ပိုင်းအတွင်း ဖော်ပြလျက်ရှိသည်။
ဘာစီလိုနာအသင်းသို့ မက်ဆီ တစ်ကျော့ပြန် ရောက်ရှိလာနိုင်သည့် သတင်း များနှင့်ပတ်သက်၍ ဇာဗီက "ဒါက သူ့ ရဲ့အိမ်ပါ။ သူ့အတွက် တံခါးက အမြဲတမ်းဖွင့်ထားပါတယ်။ သူက ကျွန်တော့် မိတ်ဆွေပါ။ ကျွန်တော်တို့ အမြဲ တမ်း အဆက်အသွယ်ရှိပါတယ်။ အဲဒါက သူ့အနေနဲ့ အနာဂတ်မှာ ဘာကိုလိုချင်လဲဆိုတာနဲ့ အသင်းက အဲဒီအပေါ်မှာ ဘယ်လိုရှုမြင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်"ဟု ဆိုခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် (၁၇) ရာသီကြာ ကစားပြီးနောက် ၂၀၂၁ ခုနှစ် နွေရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။
သူသည် ဘာစီလိုနာအသင်းအတွက် ပွဲအများဆုံး (၇၇၈ ပွဲ)နှင့် ဂိုးအများဆုံး (၆၇၂ ဂိုး) အဖြစ် စံချိန်တင်ထားသည့် ကစားသမားလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
