မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လိုက်ပ်ဇစ်အသင်းနှင့် သရေကျသဖြင့် စိတ်ညစ်နေသည့် ကစားသမားများကို အားပေးခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲ၌ အနိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ညပိုင်းက ဂျာမနီမြေ၌ ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲတွင် လိုက်ပ်ဇစ်နှင့် မန်စီးတီးအသင်းတို့ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
မန်စီးတီးအသင်းသည် ပထမပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု (၇၄) ရာခိုင်နှုန်းအထိ အသာစီးရယူ၍ ဖိအားပေးနိုင်ခဲ့သော်လည်း (၂၇) မိနစ်တွင် မာရက်ဇ် သွင်းယူသည့်တစ်ဂိုးသာ ရရှိခဲ့သည်။
ဒုတိယပိုင်းတွင်မူ လိုက်ပ်ဇစ်အသင်း တိုက်စစ်ကစားပုံကောင်းလာပြီး မိနစ် (၇၀) တွင် နောက်ခံလူ ဂီဗာဒီယိုက ခေါင်းတိုက်၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ရိုဒရီ ၏ခေါင်းတိုက်သွင်းယူမှု လိုက်ပ်ဇစ်ကစားသမား လက်နှင့် ထိသွားသော်လည်း VAR ဖြင့် မစစ်ဆေးသောကြောင့် မန်စီးတီးအသင်း နစ်နာခဲ့ရသည်။
သို့ဖြစ်ရာ ပွဲအပြီးတွင် ဂွါဒီယိုလာက "သူတို့တွေက ခေါင်းငိုက်စိုက်ကျနေတယ်။ ဘာလို့ ခေါင်းငုံ့နေရတာလဲ။ ခေါင်းမော့ထားလိုက်ပါ။ မင်းတို့ကစားပုံက တကယ်ကောင်းခဲ့တယ်။ ဒါကို လူတွေမကြိုက်ဘူးဆိုရင်တောင် ကိစ္စမရှိဘူးဆိုပြီး ကျွန်တော်ပြောခဲ့ပါတယ်။ ဒီပွဲက တကယ်ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်ကစားသင့်တဲ့ပုံစံအတိုင်း ကစားခဲ့တာပါ။ ယေဘုယျအားဖြင့် ကျွန်တော်တို့အနေနဲ့ အကူးအပြောင်းပိုင်းမှာ မယှဉ်နိုင်ခဲ့ဘူး။ သူတို့က ပိုပြီး လျင်မြန်ပါတယ်။ ကျွန်တော်တို့အတွက် ပြေးစရာနေရာ မရှိခဲ့ဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီး Set-pieces တွေကလည်း ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မန်ချက်စတာမှာကစားဖို့ တစ်ပွဲကျန်ပါသေးတယ်။ ဘယ်သူ အနိုင်ရမလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့"ဟု ပြောကြားခဲ့သည်။
ဒုတိယအကျော့ပွဲစဉ်ကို မတ် (၁၄) ရက်တွင် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၌ ပြန်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
