အာဆင်နယ်အသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဆာကာကို တစ်ပတ်လုပ်ခ ပေါင်(၂) သိန်းနှုန်းဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော် ဗြိတိန်ဘောလုံးဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
ဆာကာ(၂၁ နှစ်)သည် ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အာဆင်နယ်အသင်း၏ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ပရီးမီးယားလိဂ်၌ (၉)ဂိုး၊ ပြိုင် ပွဲစုံ၌ (၁၀)ဂိုး သွင်းယူထားသည်။
၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ခေါ်ယူလိုသည့် ပြိုင်ဘက်အသင်းများ ရှိလာသောကြောင့် အာဆင်နယ်အသင်းက သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ရာ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဒေးဗစ်အွန်စတိန်းက ဖော်ပြခဲ့သည်။
ဆာကာသည် မူလက အာဆင်နယ်အသင်းတွင် တစ်ပတ်ပေါင် (၃၀၀၀၀) ဝန်းကျင်သာ ရရှိနေသူဖြစ်ပြီး ယခုအခါ တစ်ပတ်ပေါင်(၂၀၀၀၀၀)ရရှိမည်ဖြစ်သည့်အတွက် လစာနှုန်းထားမှာ (၇)ဆခန့် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဆာကာကို (၅)နှစ်သက်တမ်းရှိသည့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး လစာနှုန်းထားအသစ်အရ တစ်နှစ်လျှင် ပေါင်(၁၀)သန်းကျော် ပေးချေရမည်ဖြစ်သောကြောင့် ဆာကာ၏ စာချုပ်သစ်မှာ ပေါင်သန်း (၅၀)ကျော်ရှိမည်ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ရေးသားဖော်ပြခဲ့သည်။
ဆာကာသည် အသက်(၇)နှစ်ကတည်းက အာဆင်နယ်လူငယ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိတွင် ပွဲပေါင်း(၁၆၀)ကျော် ကစားပေးထားသည်။ ၎င်းသည် အာဆင်နယ်အကောင်းဆုံးကစားသမားဆုကို နောက်ဆုံး(၂)ရာသီဆက် ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
