အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ရောက်ရှိလာသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က“ဟားမာ့စ်အဖွဲ့သည် ပါလက်စတိုင်းသားများထံ ဒုက္ခကိုသာယူဆောင်လာသည်”ဟု တဲလ်အဗစ်မြို့တွင်သတင်းထောက်များကို ပြောကြားသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယဉ်ကျေးသော ကမ္ဘာသည် ဟားမာ့စ်ကို ညီညီညွတ်ညွတ်ဆန့်ကျင်ရမည်ဟု ဘိုင်ဒင်ကို ပြောကြားခဲ့သည်ဟု သိရသည်။
လူရာချီသေဆုံးခဲ့သည့်ဆေးရုံတိုက်ခိုက်မှုကို အခြားအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ပုံရသည်ဟု အမေရိကန်သမ္မတက နေတန်ယာဟုကို ပြောကြားခဲ့သည်။
အစ္စရေးသို့ ဘိုင်ဒင်ရောက်မလာမီ အောက်တိုဘာ ၁၇ ရက်တွင် ဂါဇာတွင် ခရစ်ယာန်ဘာသာဝင်များ ဖွင့်ထား သောဆေးရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့်လူရာချီသေဆုံးရသည့်ဖြစ်ရပ်အတွက် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
ထို့အပြင် ဟားမာ့စ်၏ စတင်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အစ္စရေးနိုင်ငံသားများအတွက် အမေရိကန်ပြည်သူများကလည်း အစ္စရေးနှင့်အတူ ဝမ်းနည်းကြေကွဲနေသည်ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောက် အခြေအနေသည် ထိန်းချုပ်၍မရတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲက တက်ဒရိုအက်ဟာနွမ်ဂျီ ဘရီးဆက်က လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။
အယ်အာလီအာရပ်ဆေးရုံသည် မဖြစ်မနေ နေရပ်စွန့်ခွာခဲ့ကြရသော ပြည်သူထောင်ပေါင်းများစွာ ခိုလှုံလျက်ရှိသည့် ဂါဇာမြို့က ခိုလှုံရာနေရာဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဆေးရုံ၌ ပေါက်ကွဲခြင်းကြောင့် လူ ၅၀၀ ကျော်သေဆုံးသွားသည်ဟု ဟားမာ့စ်အုပ်စုက ပြောသည်။
ထို့အတူ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကလည်း ဂါဇာဆေးရုံပေါက်ကွဲမှုအတွက် အလွန်ထိတ်လန့်မိသည်ဟု X လူမှုကွန်ရက်တွင်ဖော်ပြခဲ့ပြီး လုပ်ဆောင်သူများ တရားစီရင်မှုကို ရင်ဆိုင်ရမည်ဟုဆိုသည်။ ဖြစ်ပွားနေဆဲပဋိပက္ခတွင် အရပ်သား သေကျေဒဏ်ရာရမှုများသည် အလေးထားရမည့် ကိစ္စဖြစ်ကြောင်း၊ ဆက်လက်ပူပန်နေရမည့်ကိစ္စဖြစ်ကြောင်း မိုဒီက ဖော်ပြခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
