စတိဗ်မာရီယော့တ်က အသက် (၈၂) နှစ်ရှိ ပါပြီ။ သူ့မှာ မြေးတွေလည်း ရနေပါပြီ။ ဒါပေမဲ့ သူဟာချစ်ဦးသူကို မမေ့နိုင်ပါဘူး။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာဆိုသလို၊ စတိဗ်က သူ့ရဲ့ ချစ်ဦးသူဘောလုံးအားကစားနည်းကို စွဲလမ်းနေဆဲပဲ။ သူက ဆယ်ကျော်သက်အရွယ်ကတည်းက ဘောလုံးကို မြတ်မြတ်နိုးနိုး ကစားခဲ့တယ်။ အသက် (၁၄) နှစ် အရွယ်မှာ အာဆင်နယ်အသင်းဆီသွားပြီး ခြေစွမ်း အစမ်းသပ်ခံရဖို့ အကြောင်းဖန်လာဖူးတယ်။ ဒါပေမဲ့ စတိဗ်ကဘောလုံးကန်ဖိနပ် မဝယ်နိုင်ခဲ့ဘူး။ အဲဒါကြောင့်ပဲအာဆင်နယ်အသင်းနဲ့ ရေစက်မဆုံခဲ့ ရှာဘူး။ စတိဗ်က အပျော်တမ်းပြိုင်ပွဲတွေမှာ ကစားနေတုန်းပဲ။ အင်္ဂလန်အသင်းကို ကိုယ်စားပြုခွင့်ရချင်တာဟာ သူ့ရဲ့ အကြီးမားဆုံးရည်မှန်းချက်ပဲ။ တကယ်ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ဘောလုံးကစားတာကို ရပ်တန့်မယ်ဆိုရင် ရပ်တန့်သင့်နေပါပြီ။ ၂၀၁၈ ခုနှစ်မှာ စတိဗ်က အရေပြားကင်ဆာခံစားရပြီး ခွဲစိတ်ကုသမှု (၇) ကြိမ်အထိ လုပ်ခဲ့ရတယ်။ ဒါပေမဲ့ စတိဗ်ဟာ မရပ်တန့်ခဲ့ဘူး။ ဘောလုံးချစ်စိတ်အရေခွံကို ဆွဲမချွတ်ခဲ့ဘူး။ အင်္ဂလန်နိုင်ငံ၊ အနောက်တောင်ပိုင်းဇုန် ကိုယ်စားပြု ကလီဗီဒွန်အသင်းရဲ့ ကွင်းလယ်လူအဖြစ် ဆက်လက်ရဲရင့်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ စတိဗ်တစ်ယောက် အင်္ဂလန်အသင်းကိုယ်စားပြု ခွင့်ရပါပြီ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
