မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က လိဂ်ဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့် နယူးကာဆယ်အသင်းမှာ အချိန်ဆွဲကစားတတ်ပြီး ရင်ဆိုင်ကစားရန် စိတ်အနှောင့်အယှက်ဖြစ်ရသည့်အသင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်ယူနှင့် နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲကို ယနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီအချိန်တွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပမည်ဖြစ်သည်။ နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်တစ်ပွဲလျှင် ဘောလုံးကိုင်ကစားသည့် ပျမ်းမျှရာခိုင်နှုန်း ၅၂ ဒသမ ၃ သာရှိပြီး လိဒ်စ် အသင်း (၅၁ ဒသမ ၈ ရာခိုင်နှုန်း) ပြီးလျှင် ဒုတိယအနည်းဆုံးအဖြစ် ရပ်တည်လျက်ရှိသလို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် အာဆင်နယ်အသင်းနည်းပြ အာတီတာတို့ကလည်း ၎င်းတို့၏ အချိန်ဆွဲ ကစားသည့်ပုံစံကို ဝေဖန်ပြောကြားထားသည်။
သတင်းစာရှင်းလင်းပွဲတွင် အဲရစ်တန်ဟက်ဂ်က "သူတို့ အသင်းက တကယ်ကောင်းပါတယ်။ သူတို့က ရင်ဆိုင်ကစားရတာ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အနိုင်ရဖို့ နည်းလမ်းရှာဖွေရပါမယ်။ သူတို့က ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်အောင် ကြိုးစားမှာပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကစားပွဲဖြစ်အောင် လုပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်သလို ကိုယ့်ရဲ့ပွဲကိုပဲ အာရုံစိုက်ထားရပါမယ်။ ဥပမာပြောရရင် ဒိုင်လူကြီးတွေက ဘောလုံးကို ဘေးထွက်နေတာမဟုတ်ဘဲ ထိ ရောက်တဲ့ အချိန်တွေကိုပဲ ကစားစေချင်တာပါ။ သူတို့က လိဂ်ပြိုင်ပွဲမှာ ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပြီး အဲဒီပုံစံနဲ့ပဲ တော်တော်လေးအောင်မြင်နေတာပါ။ ဒါကြောင့် ကစားပွဲမှာ အရှိန်ရအောင်လုပ်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်နေတယ်။ ဒါ့အပြင် ဒိုင်လူကြီးတွေ ကောင်းကောင်းလုပ်နိုင်မယ့်အပေါ်လည်း မူတည်ပါတယ်" ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းအတွက် ခြေစွမ်းပြဂိုးများ ဆက်တိုက်သွင်းယူနေသည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာမူ ဒဏ်ရာပြဿနာရှိနေပြီး လိဂ်ဖလား ဗိုလ်လုပွဲအမီ ကြံ့ခိုင်မှုပြည့်ဝရန် မသေချာသေးကြောင်း တန်ဟက်ဂ်က ဆက်လက်ပြောကြားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ကြာသပတေးနေ့က ဘာစီလိုနာအသင်းနှင့်ပွဲ၌ ၈၈ မိနစ်တွင် လူစားလဲခဲ့ရပြီး ပွဲအပြီးတွင်လည်း မသက်မသာလမ်းလျှောက်နေရသည့် ဓာတ်ပုံကို ခေါင်းတွင်ပတ်တီးစည်းထားရသည့် Emoji အရုပ်ပုံဖြင့် Instagram ၌ တင်ထားကြောင်း သိရသည်။ ရပ်ရှ်ဖို့ဒ်သည် ပရီးမီးယားလိဂ်တွင် ၁၄ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူထားပြီး မန်ယူကစားသမားဘဝ သွင်းဂိုးအများဆုံးရာသီကို ပိုင်ဆိုင်ထားသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
