မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ လိဂ်ဖလားချန်ပီယံတိုက်ပွဲက ဘောလုံးပရိသတ်တွေကို ရသစုံပေးဖို့ ရောက်ရှိလာတော့မှာပါ။ ၁၉၆၀ ခုနှစ်မှာ စတင်ခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲဟာ FA ဖလားအပြီး အင်္ဂလန်ဘောလုံးလောကရဲ့ ဒုတိယမြောက်အရှိန်အဝါအကြီးဆုံး ရှုံးထွက်ဖလားပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ (၂၁)ရာစုအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲ (၂၃)ကြိမ်မှာ (၂၀၀၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ) ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်း (Big Six) ကိုကျော်ဖြတ်ဗိုလ်စွဲနိုင်ခဲ့တာက (၅)ကြိမ်သာရှိခဲ့ပြီး (လက်စတာ ၂၀၀၀၊ ဘလက် ဘန်း ၂၀၀၂၊ မစ်ဒယ်ဘရော့ ၂၀၀၄၊ ဘာမင်ဂမ် ၂၀၁၁ နဲ့ ဆွမ်ဆီး ၂၀၁၃) ပြိုင်ပွဲရဲ့နောက်ဆုံး (၉)ကြိမ်ဆက်တိုက် Big Six အသင်းတွေကသာ ချန်ပီယံဆုကို လွှမ်းမိုးရယူထားနိုင်တာတွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်ဗိုလ်လုပွဲမှာလည်း အစဉ်အလာတွေအတိုင်း ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ယူအသင်းကပဲ ချန်ပီယံဆုကို ရယူသွားမလား၊ နယူးကာဆယ်အသင်းကပဲ Big Six ကိုကျော်ဖြတ်ဗိုလ်စွဲတဲ့ နောက်ထပ်အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားမလားဆိုတာ စောင့်ကြည့်ရင်ခုန်ရမှာပါ။ လက်ရှိအချိန်ဟာ မန်ယူအသင်းနဲ့ သက်ဆိုင်သူအားလုံးအတွက် အချိုပေါ်သကာဆင့်နေတဲ့ အချိန်ကာလပါပဲ။ အသင်းက နည်းပြသစ်တန်ဟက်ဂ်လက်ထဲမှာ တစ်ပွဲတစ်ပွဲပိုမိုအသားကျလာပြီး ရလဒ်ကောင်းတွေဆက်တိုက်ရယူနေသလို၊ အသင်းရဲ့ကစားပုံကစားအား၊ ကစားသမားစုဖွဲ့မှုနဲ့ ကစားသမားတွေရဲ့တိုက်ပွဲဝင်လိုစိတ်တွေက ဟန်ချက်ညီစွာတည်ရှိနေပြီး ထိပ်တန်းအဆင့်ဆီ ပြန်လည်တက်လှမ်းဖို့ အရှိန်အဟုန်ပြင်းပြင်းခရီးနှင်နေတာကိုတွေ့ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
