စပါးနည်းပြ ပိုစတီကိုဂလူးက မိမိတို့အသင်းသည် ပြီးခဲ့သည့်နှစ်ကထက် ပိုကောင်းလာသည့်အသင်းဖြစ်ပြီး လိုအပ်နေသည်မှာ တည်ငြိမ်မှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ပိုစတီကိုဂလူး စတင်ကိုင်တွယ်သော ပြီးခဲ့သည့်ရာသီတွင် ရလဒ်များကောင်းမွန်ခဲ့သော်လည်း လက်ရှိရာသီတွင် ရှုံးပွဲများပြားနေသည့်အတွက် ပိုစတီကိုဂလူးအနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟုပင် ထင်ကြေးပေးခံနေရသည်။
သို့သော် မန်စီးတီးနှင့် ဆုံတွေ့သည့်ပွဲတွင် ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ပိုစတီကိုဂလူးက ''ကျွန်တော်တို့ ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းလာပါတယ်။ ကျွန်တော်တို့ လိုအပ်နေတာက တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ဖို့ပါပဲ''ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် မန်စီးတီးကို အနိုင်ရခဲ့သည့်အတွက် ရမှတ်(၁၉)မှတ်ဖြင့် အဆင့်(၆)နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာမှ မန်စီးတီးနှင့် (၄)မှတ်သာကွာဟတော့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
