မန်ယူအသင်းနည်းပြသစ်ဖြစ်သူ အာမိုရင်မ်က အဖွင့်ပွဲ သရေရလဒ်ကြောင့် ပရိသတ်များ စိတ်ပျက်မည်ကို နားလည်ကြောင်းနှင့် နိုင်ပွဲများအတွက် အချိန်ယူရမည်ဖြစ်ပြီး အချိန်အတော်ကြာ ရုန်းကန်ရနိုင်ကြောင်း သုံးသပ်ပြောကြားသည်။
မန်ယူအသင်းသည် အာမိုရင်မ်လက်ထက် ပထမဆုံးပွဲအဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် အစ်ဝစ်ချ်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
အာမိုရင်မ်သည် ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပွဲအစ ၈၁ စက္ကန့်မှာပင် အာမက်၏ပေးပို့မှုမှတစ်ဆင့် ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၄၃ မိနစ်တွင် ဟက်ချင်ဆန်၏ အဝေးဘောကန်သွင်းမှု မာဇရာဝီ၏ ခေါင်းနှင့် ထိကာ ဂိုးဝင်သွားသဖြင့် ချေပဂိုးခွင့်ပြုခဲ့ရသည်။
ဒုတိယပိုင်းတွင် အစ်ဝစ်ချ်အသင်းက အနိုင်ဂိုးရရန် ပိုမိုနီးစပ်ခဲ့ပြီး ဒီလက်၏ သွင်းယူမှုနှစ်ကြိမ်ကို အိုနာနာကာကွယ်နိုင်သဖြင့် မန်ယူအသင်း သက်သာခဲ့ရခြင်းဖြစ်သည်။
အဖွင့်ပွဲစဉ်တွင် တန်းတက်အသင်းအား သရေသာ ကစားနိုင်ခဲ့ခြင်းအတွက် အာမိုရင်မ်က ''ဒါက ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီအခိုက်အတန့်မှာ အပြောင်းအလဲတွေအများကြီး လုပ်ထားတာပါ။ ကျွန်တော်တို့ အချိန်တော်တော်ကြာတဲ့အထိ ရုန်းကန်ရဦးမယ်။ ကျွန်တော်တို့ နိုင်ပွဲတွေရယူဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ အဲဒါက အချိန်ယူရပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ပွဲယူရမယ်။ ဒါပေမဲ့ အိုနာနာသာမဟုတ်ဘူး ဆိုရင် ကျွန်တော်တို့ ရှုံးသွားနိုင်တယ်။ ကစားသမားတွေအနေနဲ့ အပြောင်းအလဲတွေအများကြီးလုပ်ဖို့ နှစ်ရက်ပဲ လေ့ကျင့်ရသေးတယ်ဆိုတာ နားလည်ထားရမယ်လို့ ကျွန်တော် ထင်တယ်။ သုံးရက်အတွင်းမှာ အရာအားလုံးကို အသားကျဖို့ဆိုတာ ကစားသမားတွေအတွက် ခက်ခဲပါတယ်။ စိတ်ကူးသစ်တွေ အကြောင်းကို ကျွန်တော်တို့ မေ့နေတာပါ။ အဲဒါကြောင့်လည်း ရာသီအလယ်ကာလမှာ ကျွန်တော့်ကို ဒီနေရာဆီခေါ်လိုက်တာဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ အရင်တုန်းက (အဲရစ်တန်ဟက်ဂ်လက်ထက်မှာ) သူတို့လုပ်နေကျအရာတွေနဲ့ အသားကျဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ နောက်နှစ် ဒီလိုနေရာမှာ တူညီတဲ့ပြဿနာတွေနဲ့ ရှိနေမလား ဒါမှမဟုတ် အခုကနေ ကျွန်တော်တို့ စတင်ကြမလား။ ကျွန်တော်တို့ နည်းနည်းတော့ စွန့်စားရမယ်။ နည်းနည်းရုန်းကန်ရလိမ့်မယ်။ နောက်နှစ်ကျရင် ကျွန်တော်တို့ ပိုကောင်းလာမှာဖြစ်လို့ နည်းနည်းတော့ စွန့်စားရလိမ့်မယ်။ ကစားသမားတွေကလည်း အများကြီးတွေးနေကြတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးအစီအစဉ်နှစ်ခုမှာ ကျွန်တော်တို့ ပြောင်းလဲတာတွေက အများကြီးဖြစ်နေလို့ပါ။ အခုဆိုရင် လေ့ကျင့်ရေးအစီအစဉ်မှာ တိုးတက်ဖို့ နေရာလွတ်မရှိတော့ဘူး။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်နားလည်တာက သူတို့ကြိုးစားနေတယ်ဆိုတာပါပဲ။ သူတို့ တကယ်ကြိုးစားနေတာပါ။ ခက်ခဲတဲ့အချိန်မှာတောင် ကျွန်တော်တို့ဖြစ်စေချင်တာကို သူတို့လုပ်နေတယ်လို့ ခံစားရပါတယ်'' ဟု သုံးသပ်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
