မြန်မာ ယူ-၂၂ အသင်း၏ ဘူဂေးရီးယားနိုင်ငံသား နည်းပြချုပ် မစ္စတာပိုပေါ့ဗ်ကို လာမည့် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးဆုံးချိန်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ အတည်ပြုပြောကြားသည်။
''မစ္စတာပိုပေါ့ဗ်ကို စာချုပ်သက်တမ်းတိုးဖို့အတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုကို ပြီးခဲ့တဲ့အပတ်ကပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာယူ-၂၂ အသင်းကို ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးတဲ့အထိ တာဝန်ယူကိုင်တွယ်ပေးဖို့ အတွက် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ကို သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မစ္စတာပိုပေါ့ဗ်ရဲ့ စာချုပ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ချုပ်ဆိုနိုင်ဖို့ စီစဉ်နေပါတယ်''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြော ကြားသည်။
MFF သည် မစ္စတာပိုပေါ့ဗ်အား မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ ခုနှစ်အတွင်းယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပွဲစဉ်များတွင် ရလဒ်ကောင်းမွန်ခြင်းမရှိသော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ ကြေးတံဆိပ်ရရှိခဲ့သည်။
ပိုပေါ့ဗ်အနေဖြင့် လာမည့်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပြန်လည်ဖွဲ့စည်းမည့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ တင်ပြထားကြောင်း ဦးကိုကိုသိန်းက အတည်ပြုပြောကြားခဲ့ပြီး COVID-19 ရောဂါအခြေအနေအပေါ်မူတည်၍ လေ့ကျင့်မှု အမြန်ဆုံးစတင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတဲ့ မြန်မာ ယူ-၂၂ အသင်းအတွက် ကစားသမားရွေးချယ်တဲ့ အပိုင်းကိုတော့ နည်းပြချုပ် ပိုပေါ့ဗ်က MFFကို တင်ပြထားပြီးဖြစ်ပါတယ်။ မြန်မာ ယူ-၂၂ အသင်းကို စတင်ဖွဲ့စည်းဖို့ လျာထားတဲ့အပိုင်းကတော့ COVID-19 ရဲ့အခြေအနေတွေအပေါ် မှာ မူတည်နေပါတယ်။ ရောဂါပိုးအခြေအနေ ကိုကြည့်ပြီးတော့ ဖွဲ့စည်းနိုင်ရေးကို ဆောင် ရွက်သွားရမှာဖြစ်ပါတယ်''ဟု ဦးကိုကိုသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါအခြေအနေကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ချိန်ဆနေရခြင်းဖြစ်ပြီး ပဏာ မလူစာရင်းဖြင့် အသင်းဖွဲ့စည်းရန်အတွက်လည်း အခြေအနေစောင့်ကြည့်လျက်ရှိသည်။
၂၀၂၁ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှတွင် ဘောလုံးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် လာမည့်နှစ် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ၏ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။
မြန်မာ ယူ-၂၂ အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ယူ -၂၂ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိထားပြီး နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား မစ္စတာ ပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို လာမည့်နှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
