အင်္ဂလန်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သော စတာလင်နှင့် ဟန်ဒါဆန်တို့သည် ဒဏ်ရာပြဿနာများကြောင့် အိုက်စလန်နှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
စတာလင်သည် ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို လွဲချော်ခဲ့ရသလို၊ ဟန်ဒါဆန်မှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲတွင် လူစားလဲခံခဲ့ရသည်။
ယခုအခါ ၎င်းတို့နှစ်ဦးစလုံး ဒဏ်ရာသက်သာခြင်းမရှိသည့်အတွက် အင်္ဂလန်အသင်း၏ လူစာရင်းမှ နုတ်ထွက်ခြင်းဖြစ်သည်။
သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယင်းကစားသမားများ၏နေရာတွင် အစားထိုးရွေးချယ်ဖွယ်မရှိတော့ကြောင်းလည်း သိရသည်။
ဘယ်လ်ဂျီယံနှင့်ပွဲ၌ အင်္ဂလန်နောက်ခံလူ ဘင်ချီဝဲလ်မှာလည်း ကျောဒဏ်ရာ အနည်းငယ်ရခဲ့သော်လည်း အသင်းလူစာရင်းတွင် ဆက်ရှိနေခဲ့သည်။
ဆောက်ဂိတ်သည် ဗုဒ္ဓဟူးနေ့တွင် အိုက်စလန်နှင့်ကစားမည့်ပွဲအတွက် ကစားသမား (၂၂)ဦးဖြင့် ဆက်လက်ပြင်ဆင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
