စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဂျာမနီနှင့်ပွဲတွင် အသုံးပြုမည့် ဂိုးသမားကို ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်းနရစ်သည် စပိန်အသင်း၏ နံပါတ်(၁)ဂိုးသမားအဖြစ် သတ်သတ်မှတ်မှတ်ရွေးချယ်ထားခြင်း မရှိသေးသလို၊ ဒီဟေးယားနှင့် ကယ်ပါတို့၏ လက်စွမ်းအပေါ် ငြင်းခုံမှုများလည်းရှိနေသည့်အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်းနရစ်က ''ဂျာမနီနဲ့ပွဲမှာ ပွဲထွက်ခွင့်ရမယ့် ဂိုးသမားကို ကျွန်တော် ရွေးချယ်ထားပြီးပါပြီ။ ဒါပေမဲ့ ပွဲမတိုင်ခင် တစ်နာရီခွဲအလိုမှာမှ ကြေညာမှာပါ။ ပြီးတော့ ဒါဟာ အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်လာမလားဆိုတာလည်း မသိသေးပါဘူး။ လောလောဆယ် လေ့ကျင့်ရေးကွင်းက အခြေအနေအပေါ်မူတည်ပြီး ရွေးချယ်ထားတာပါ''ဟု ပြောကြားခဲ့သည်။
အင်းနရစ်သည် စပိန်လက်ရွေးစင်အသင်းကို သူတစ်ကျော့ပြန်ကိုင်တွယ်သည့် (၇)ပွဲတွင် ဂိုးသမား(၃)ဦးအထိ အသုံးပြုထားခဲ့သည်။
ပရီးမီးယားလိဂ်နာမည်ကျော်ဂိုးသမားများဖြစ်သည့် ဒီဟေးယားကို (၄)ပွဲနှင့် ကယ်ပါကို (၁)ပွဲ ပွဲထွက်ခွင့်ပေးခဲ့ပြီး ယခုလအတွင်းကစားထားသော နယ်သာလန်နှင့် ခြေစမ်းပွဲ၊ ဆွစ်ဇာလန်နှင့် Nations League ပွဲများတွင်မူ ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆီမွန်ကို အသုံးပြုခဲ့သည်။
အင်းနရစ်သည် ၎င်းတစ်ကျော့ပြန်ကိုင်တွယ်သည့် (၇)ပွဲတွင် ယင်းဂိုးသမား(၃)ဦးကို အသင်းလူစာရင်းတွင် တောက်လျှောက် ရွေးချယ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
